MNP - ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နွေစပါး စိုက်ခင်းများ ဓါတ်မြေဩဇာ စုပေါင်းကြဲပက်ပွဲ အခမ်းအနားသို့ ယမန်နေ့ မွန်းလွဲ ၁:၃၀ နာရီအချိန်က စော်ကဲချောင်းကျေးရွာသို့ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ဓါတ်မြေဩဇာကြဲပက်ပွဲ အခမ်းအနားတွင် စော်ကဲချောင်းကျေးရွာနေ တောင်သူ ဦးကြည်ဌေးလေး၏ လယ်ယာမြေ၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မော်လမြိုင်ကျွန်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထုတ်၍ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးတွင် တောင်သူများ၏စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်စေရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အောင်အောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment