ကျိန္တလီမြို့၌ ဘော်လုံးလက်ဆင့်ကမ်းပြိုင်ပွဲနှင့်စာအုပ်စာစောင်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ ဘော်လုံးလက်ဆင့်ကမ်းပြိုင်ပွဲနှင့်စာအုပ်စာစောင်ပြပွဲကျင်းပ





MNP  -    ဇန်နဝါရီ ၂၃

    ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ (Community Centre)ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီ အချိန်က ဘော်လုံးလက်ဆင့်ကမ်းပြိုင်ပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


    အဆိုပါပြိုင်ပွဲတွင် ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲတွင်လာရောက်ယှဉ်ပြိုင်ကြသော ကျောင်းသား/သူများအား အဖွဲ့(၁)၊ အဖွဲ့(၂)နှင့်အဖွဲ့(၃)ဟူ၍ အဖွဲ့(၃)ဖွဲ့ခွဲပြီး ဘော်လုံးလက်ဆင့်ကမ်းပြိုင်ပွဲအားကျင်းပခဲ့ရာ မောင်စောဉာဏ်ထွန်းဦးဆောင်သော အဖွဲ့(၃)မှ (ပထမ)ဆုကိုလည်းကောင်း၊ မနှင်းအိစံဦးဆောင်သောအဖွဲ့(၁)မှ (ဒုတိယ)ဆုအားလည်းကောင်း အသီးသီးရရှိခဲ့ကြသည်။ ဆက်လက်၍ မြို့ဦးစီးမှူးမှ ကျောင်းသား/သူလေးများအား စာဖတ်သည့် အလေ့အထများရှိလာစေရန်နှင့် စာပေဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/သူးများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးမှ ဘော်လုံးလက်ဆင့်ကမ်းတွင် ဆုရရှိသော ကျောင်းသား/သူများအား လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)