ဝဏ္ဏကျော်ထင်ဘွဲ့ရ သံအမတ်ကြီး ဒေါ်မော်မော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝဏ္ဏကျော်ထင်ဘွဲ့ရ သံအမတ်ကြီး ဒေါ်မော်မော်


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် အောင်မြင်စွာ ကျင်းပခဲ့ပြီး   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များထံ ဂုဏ်ထူးဆောင်ဘွဲ့များကို  ကိုယ်တိုင် တစ်ဦးချင်းလက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ပြီးဖြစ်ပါတယ်။


အဆိုပါဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်းအခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော် လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက်လက်ခံရယူမည့် ဘွဲ့ခံပုဂ္ဂိုလ်များရှိသည့်အတွက် နေပြည်တော်ကောင်စီအပါအဝင် သက်ဆိုင် ရာတိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ တာဝန်ရှိသူများက ဂုဏ်ထူးဆောင်ဘွဲ့များ လက်ခံယူမည့် ကာယကံရှင်နှင့် မိသားစုဝင်များကို လက်ရောက်ချီးမြှင့်အပ်နှင်းကြတာကို တွေ့ရပါတယ်။


ထိုသို့ချီးမြှင့်အပ်နှင်းရာတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌ သီရိပျံချီဦးတင်ဦးလွင်နှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် ဇေယျကျော်ထင်ဇော်ဟိန်းတို့က  သီရိပျံချီဘွဲ့ရရှိသူ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးအုန်းမောင်ကိုလည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ  အမှတ်(၂)စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း) ဦးမျိုးအောင်ကိုလည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ နိုင်ငံခြားရေးဝန်ကြီးဌာန သံအမတ်ကြီး(ငြိမ်း) ဦးစောလှမင်းကိုလည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ နိုင်ငံခြားရေးဝန်ကြီးဌာန သံအမတ်ကြီး ဒေါ်မော်မော်(ကိုယ်စား)မောင်ဖြစ်သူ ဦးမင်းထွဋ်ကိုလည်းကောင်း၊  ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ နိုင်ငံခြားရေးဝန်ကြီးဌာန သံအမတ်ကြီး(ငြိမ်း) ဦးစိုးဝင်း(ကိုယ်စား)ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းကြည်ကိုလည်းကောင်း ဂုဏ်ထူးဆောင် ဘွဲ့များ လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ပြီး ဖြစ်ပါတယ်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်တဲ့အထဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန က နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မော်မော် ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။ ဒေါ်မော်မော် ဆိုတာ အမှန်တရားအတွက် ပြတ်ပြတ်သား ရပ်တည်ဝံ့တဲ့ အမျိုးသမီးဖြစ်လို့ ဒေါ်မော်မော်ရဲ့ ရပ်တည်ဆောင်ရွက်ချက်တွေကို ခြွင်းချက်အရှိ ထောက်ခံ ဂုဏ်ပြုဖော်ပြခဲ့ဖူးပါတယ်။


မဲလိမ်မဲခိုးမှုကြောင့် NLD ပါတီ အာဏာလက်မဲ့ဖြစ်ပြီးနောက်မှာ မြန်မာနိုင်ငံအတွင်းမှာ ဆူပူအကြမ်းဖက်၊ CDM လှုံ့ဆော်မှုတွေ လုပ်ခဲ့ကြသလို အနောက်နိုင်ငံတွေမှာ ပြည်ပြေး ဝရမ်းပြေးအဖြစ်နဲ့ ရောက်ရှိခိုလှုံနေကြသူတွေကလည်း သံရုံးတွေကို နှောက်ယှက်တာ၊ CDM လုပ်ဖို့ ဖိအားပေးတာတွေ လုပ်ခဲ့ကြတယ် မဟုတ်ပါလား။ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဆိုရင် နီပိန်းတွေနဲ့ ယောယောင် ဖောကြောင် လုပ်ပြီး CDM မှာ ပါဝင်ခဲ့လို့ သံရုံးကနေ ဖယ်ရှားခဲ့ရတဲ့ အခြေအနေမျိုးကို ရောက်ခဲ့ပါတယ်။


အဲဒီလို လုပ်ဆောင်ခြင်း ခံရတဲ့အထဲမှာ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ပြည်ပြေး ဝရမ်းပြေးတွေကို အကောင်းမွန်ဆုံး ဆိုဆုံးမခဲ့သူကတော့ နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပါပဲ။ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် နီပိန်းတွေက သံအမတ်ကြီး ဒေါ်မော်မော် ကို အနှောက်အယှက်ပေးခဲ့တဲ့ ရုပ်သံဖိုင် ထွက်ပေါ်ခဲ့ပါတယ်။ နီပိန်းတွေပဲ ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ နီပိန်းတွေရဲ့ ရည်ရွယ်ချက်ကတော့ သံအမတ်ကြီးကို သိက္ခာချလို့တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။


သံရုံးထဲထိ လာရောက်နှောက်ယှက်တဲ့ နီပိန်းတွေကို သံအမတ်ကြီး က ဧည့်ခံစကားပြောခဲ့တဲ့ မှတ်တမ်း မှာ -

ကျွန်မတို့က ဒီရွေးကောက်ပွဲကျင်းပတဲ့အချိန်မှာ အဲဒီမတိုင်ခင်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမဲဆွယ်တာပေါ့။ အဲဒီမှာ သူက ဘာပြောသွားလဲဆိုတော့ သူ့အနေနဲ့ ရွေးကောက်ပွဲကို သူ (၁၀၀)ရာခိုင်နှုန်း နိုင်ချင်တယ်လို့ သူပြောသွားပါတယ်။ ဒါ ကျွန်မရဲ့ ကိုယ်ပိုင်အယူအဆ ကျွန်မပြောပြမယ်နော်။ ၁၀၀ ရာခိုင်နှုန်း သူနိုင်ချင်ပါတယ်လို့ ပြောသွားတဲ့အခါကြတော့ ကျွန်မတို့ မြန်မာနိုင်ငံက လူတွေရဲ့ စိတ်ဓာတ်က ဘာလဲဆိုတော့ လူကြီးတစ်ယောက်က ပြောလိုက်လို့ရှိရင် အဲဒီကိစ္စကို မအောင်မြင်ရင် အောင်မြင်အောင် အကောင်အထည်ဖော်တဲ့ သဘော ရှိကြပါတယ်။ ဒါကြောင့်မို့လည်း ကျွန်မ Dictator ဖြစ်သွားသလို ဦးသန်းရွှေကိုလည်း သူ့ကို ဘယ်သူမှ ပြန်မပြောရဲတဲ့အတွက်ကြောင့်မို့လို့ ဦးသန်းရွှေလည်း Dictator ဖြစ်သွားတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မဲတွေလိမ်ပါ၊ မဲတွေခိုးပါ၊ မှားအောင်လုပ်ပါလို့ သူမပြောဘူးဆိုတာ ကျွန်မ ယုံကြည်ပါတယ်။ ဒါပေမယ့် သူက မဲကို ၁၀၀ ရာခိုင်နှုန်း အနိုင်ရချင်ပါတယ်လို့ ပြောလိုက်တာသည် UEC က ဒါ သူတို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒကို သူတို့ဟာသူတို့ အဓိပ္ပာယ်ဖော်ပြီးတော့ သူတို့ဟာသူတို့ လုပ်လိုက်တာ။ အဲဒီအခါမှာ ရွေးကောက်ပွဲက နိုဝင်ဘာလ ၈ ရက်နေ့မှာ လုပ်တယ်။ နိုဝင်ဘာ ၉ ရက်နေ့မှာ ရွေးကောက်ပွဲ Result တွေ ထွက်လာတယ်။ နိုဝင်ဘာ ၉ ရက်နေ့ Result ထွက်လာပြီး ၁၀ ရက်နေ့ ကစပြီး တပ်မတော်က ပြောတယ်။ ဒါတွေသည် မှားနေပါတယ်၊ မှားနေပါတယ် လို့ ပြောတယ်။ ပြောတဲ့အခါမှာ ဒါသည် ကျွန်မ စစ်တပ်ဘက်က ကာကွယ်ပြောတာမျိုး မဟုတ်ပါဘူး။ နိုဝင်ဘာ ၁၀ ရက်နေ့ ကနေပြီး အာဏာသိမ်းတဲ့အချိန်အထိ အချိန်ကြီးက အများကြီးပါ။ အဲဒီအချိန်မှာ UEC က တပ်မတော်နဲ့ ရော့ ဒါ ခင်ဗျားတို့ စာရင်း၊ ဒါ ကျွန်တော်တို့ရဲ့ စာရင်း၊ ခင်ဗျားတို့က စာရင်းမှားနေတယ်။ ခင်ဗျားတို့ တိတ်တိတ်နေတော့၊ ခင်ဗျားတို့နဲ့ ဘာမှမဆိုင်ဘူး ပြောလို့ ရတယ်။ သူတို့ မပြောခဲ့ဘူး။ မဲစာရင်းနဲ့ ပတ်သက်ပြီး ဒီနေရာမှာ Doubt (သံသယ) ဖြစ်ဖို့ ဖြစ်သွားပြီ။ အခု ဒီ စစ်ကောင်စီ ကလည်း မဲစာရင်းတွေ မှားတဲ့အတွက် ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်လို့ ပြောတယ်။ သူတို့ ကမ္ဘာကိုလည်း အတိအလင်း ပြောထားတယ်။ သူတို့ ဒါကို အကောင်အထည်ဖော်ဖို့ လုပ်တာပဲ။ ဒီကြားထဲမှာ ပစ်တာခတ်တာ ဖြစ်ခဲ့တယ်။ လူတွေ သေတာ ဖြစ်ခဲ့တယ်။ ဒါတွေသည် အလွန်တရာမှ ဝမ်းနည်းစရာကောင်းတဲ့ အချက်တွေပါ။ အလွန်တရာမှ ဒါသည် မဖြစ်သင့်တဲ့ကိစ္စ။ ကမ္ဘာပေါ်မှာ အရမ်းကို ရုပ်ဆိုးတဲ့ ကိစ္စကြီး ဖြစ်သွားပါတယ်။ ကျွန်မတို့လည်း ကိုယ့်ဟာကိုယ် ရင်ဆိုင်ဖြေရှင်းနေရတဲ့ ကိစ္စတွေအများကြီး ရှိပါတယ်။ ကျွန်မတို့အနေနဲ့တစ်နှစ်အတွင်း ရွေးကောက်ပွဲ လုပ်ပေးမှာကို စောင်ဖို့ ရှိပါတယ်။" လို့ အစချီပြီး ရှင်းပြပေးခဲ့ပါတယ်။

တိုင်းပြည်ရဲ့ အခြေအနေက NLD အစွန်းရောက်တွေရဲ့ ယုတ်မာရိုင်းစိုင်းရမ်းကားမှုကြောင့် တည်ငြိမ်အေးချမ်းတဲ့ အခြေအနေကို မရောက်ခဲ့ပါဘူး။ နစက အနေနဲ့ တစ်နှစ်သက်တမ်းကုန်ဆုံးပြီး ဥပဒေက သတ်မှတ်ထားတဲ့ အတိုင်း ၆လ သက်တမ်း ၂ဆက် တိုးလာသည့်တိုင်အောင် NLD အစွန်းရောက်တွေ ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ရက်စက်ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာခဲ့ပါတယ်။

သံအမတ်ကြီး ဒေါ်မော်မော် အနေနဲ့ နီပိန်းတွေကို အကောင်းဆုံး ရှင်းပြခဲ့ပေမယ့် နီပိန်းတွေကိုကတော့ဖြင့် သူတို့လိုလားချက် ကို လိုက်ပါလာခြင်းမရှိတဲ့အတွက် ကျေနပ်မှု ရမသွားရှာပါဘူး။ နီပိန်းတွေက ပုဂ္ဂိုလ်ရေးရှေ့တန်းတင်ပြီး သူတို့ လေးစားထောက်ခံတဲ့ မဲသူခိုးအုပ်စုဘက်ကပဲ ရပ်တည်ရမယ်လို့ ဇွတ်အတင်း ပြောခဲ့ကြပါတယ်။ သံအမတ်ကြီး ဒေါ်မော်မော် ပြောခဲ့တဲ့ စကားထဲမှာကိုက ဒေါ်အောင်ဆန်းစုကြည် ဟာ ရွေးကောက်ပွဲကို ၁၀၀ ရာခိုင်နှုန်း နိုင်ချင်တယ်ဆိုကတည်းက အာဏာရှင်ဖြစ်နေပြီလို့ ပညာသားပါပါ ပြောပြခဲ့တာကို နားမလည်ကြရှာပါဘူး။

နိုင်ငံရေးမှိုင်းမိနေတဲ့ နီပိန်းလေးတွေကို ရုံးထဲမှာ ရှင်းပြရုံနဲ့ နာမလည်ကြတဲ့အတွက် ရုံးအပြင်မှာ ဆန္ဒပြနေသူတွေကိုလည်း သံအမတ်ကြီး ဒေါ်မော်မော် က စိတ်ရှည်သည်းခံပြီး လိုက်လံ ရှင်းပြခဲ့ပါတယ်။

သံအမတ်ကြီး ဒေါ်မော်မော်ရဲ့ ရပ်တည်ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုမိတာ အမှန်ပါပဲ။ နီပိန်းတွေရဲ့ အထင်မှာ လူများတိုင်း အမှန်လို့ ထင်နေကြတာ။ ဒီမိုကရေစီက အများဆန္ဒကို ဦးစားပေးတာ မှန်ပေမယ့် ဥပဒေမဲ့ လက်တစ်လုံးခြားလုပ်ဖို့ ခွင့်ပြုမထားဘူး။ လူနည်းစုရဲ့ ဆန္ဒကိုလည်း မျက်ကွယ်ပြုထားလို့ မရဘူးဆိုတာ နီပိန်း အစွန်းရောက်တွေကတော့ နားမလည်ခဲ့ပါဘူး။

တိုင်းရေးပြည်ရာကိစ္စတွေမှာ ကြီးလေးတဲ့တာဝန်တွေကို ထမ်းဆောင်နေရသူတိုင်းက ဥပဒေမဲ့ လုပ်ရပ်တွေနောက်ကို စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ လိုက်ပါ မလုပ်ဆောင်သင့်ဘူးဆိုတာကို သံအမတ်ကြီး ဒေါ်မော်မော် က စံပြအနေနဲ့ ဆောင်ရွက်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ဗြိတိန်မှာ သံအမတ်တာဝန်ထမ်းဆောင်နေသူကတော့ မူလကတည်းက နီပိန်းဖြစ်နေလို့လား မပြောတတ်ပါဘူး။ နီပိန်းတွေနဲ့ တသားတည်း ရပ်တည်ပြီး လမ်းဘေးရောက်သွားခဲ့ရပါတယ်။

အခုလို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုသင့် ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုရာမှာ သံအမတ်ကြီး ဒေါ်မော်မော် ပါဝင်လာခဲ့တာကို အမှတ်တရအနေနဲ့ နီပိန်းတွေလည်း ကိုယ့်လုပ်ရပ်အမှားတွေကို ပြန်လည်စဉ်းစားဆင်ခြင် သတိပြုကြဖို့၊ အစွန်းရောက် အကြမ်းဖက် လမ်းစဉ်ကို စွန့်လွှတ်ကြဖို့ အသံမတ်ကြီး ဒေါ်မော်မော် အား ဂုဏ်ပြု ဦးညွှတ်ရင်း နီပိန်း၊ နီပေါအပေါင်းလည်း ဓမ္မ နဲ့ အဓမ္မကို မှန်မှန်ကန်ကန် ခွဲခြားသိမြင်နိုင်ကြစေဖို့ အသိပေးတိုက်တွန်းလိုက်ရပါတယ်။

သူများပါးစပ်ဖျားမှာ လမ်းဆုံးနေကြအုံးမယ်ဆိုရင်တော့ဖြင့် ဆင်ကန်းတောတိုး မိုက်မဲနေကြအုံးမှာပဲ ဖြစ်ပါတယ်။ နိုင်ငံ့အရေးကို တကယ်ပဲ အလေးထားတယ်ဆိုရင် ပုဂ္ဂိုလ်ရေးကို ရှေ့တန်းမတင်ပါနဲ့။ ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားတဲ့ နိုင်ငံတိုင်းမှာ ဥပဒေစိုးမိုးရေးကို အလေးထားကြပါတယ်။ မိမိတို့ ယုံကြည်လေးစားတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းက ပါးစပ်ကတော့ဖြင့် ဥပဒေစိုးမိုးရေးလို့ ပြောပြီး အာဏာအလွဲသုံးစား ဥပဒေမဲ့ မဲလိမ် မဲခိုးပြီး တိုင်းပြည်အာဏာကို သိမ်းပိုက်လိုတဲ့ လုပ်ရပ်ကတော့ဖြင့် ဆင်ကန်းတောတိုး ထောက်ခံအားပေးပြီး မိုက်မဲသင့်တဲ့ အလုပ်မဟုတ်ပါဘူး။


နောင်တော်လေး (ဘိုကလေး)

 https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)