အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ


MNP  -  ဇန်နဝါရီ  ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။


အခမ်းအနားသို့ ဥတ္တရခရိုင်  ပညာရေးမှူး ဒေါက်တာဒေါ်မာမာဇင်၊ ပုဗ္ဗသီရိမြို့နယ် မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေး၊ ပုဗ္ဗသီရိမြို့နယ် အခြေခံပညာကျောင်းများမှ  ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ ရပ်မိရပ်ဖများ၊ အလှူရှင်များ၊ ဆုရ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီအုန်းမှ အဖွင့်အမှာစကား ပြောကြားပြီးနောက် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ/ဆရာမများ၊ မြို့နယ်အဆင့် လူရည်ချွန် ဝင်ရောက်ယှဉ်ပြိုင်သော လူရည်ချွန် မောင်/မယ်များ၊ အင်္ဂလိပ်စာ/သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများ၊ တိုင်းအဆင့် ပန်းချီ၊ မြို့နယ်အဆင့် စာစီစာကုံး၊ ဆောင်းပါး၊ ကျပန်းဆုရရှိသော ကျောင်းသား/ ကျောင်းသူများနှင့် ဆုရရှိအောင် သင်ကြားပြသပေးသည့် ဆရာ/ ဆရာမများအား   တာဝန်ရှိသူများကဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။


ယနေ့ပြုလုပ်ကျင်းပသည့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားတွင် ကျောင်းသား/ကျောင်းသူများ၏ အကအလှများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။


သန္တာလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)