ငဖဲမြို့ ချင်းစုရပ်တွင် ပန်းဂေါ်ဖီနှင့် အခြားဟင်းသီးဟင်းရွက်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့ ချင်းစုရပ်တွင် ပန်းဂေါ်ဖီနှင့် အခြားဟင်းသီးဟင်းရွက်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း




MNP  -   ဇန်နဝါရီ  ၁၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့မရပ်ကွက် ချင်းစုရပ်ကွက်သည် မန်းချောင်းနံဘေးတွင်တည်ရှိပြီး အရှေ့ဘက်လယ်မြေများတွင် မြေအောက်ရေဖြင့် ရာသီအလိုက်သီးနှံများကို တစ်နိုင် တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုနှစ်ဆောင်းသီးနှံများစိုက်ပျိုးရာသီတွင် ပန်းဂေါ်ဖီနှင့် အခြားဟင်းသီးဟင်းရွက်များစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိရောင်းချနေရကြောင်း ဆောင်းသီးနှံများ စိုက်ပျိုးရောင်းချသူ တောင်သူ ဒေါ်စမ်းအေးထံမှ သိရသည်။


သီတင်းကျွတ်လမိုးအကုန်တွင် သီးနှံမျိုးစေ့များကို စတင်ပျိုးထောင်ပြီး သီးနှံတစ်မျိုးချင်းအလိုက် ဘောင်ချ၍ မြေအောက်ရေသွင်းကာစိုက်ပျိုးရောင်းချကြောင်း၊ ပန်းဂေါ်ဖီ၊ ပန်းမုန်လာစသည့် သီးနှံမျိုး စေ့များကို မင်းဘူးမြို့မှ ဝယ်ယူပြီး မိမိတို့ကိုယ်တိုင်ပျိုးပင်ဖောက် စိုက်ပျိုးကြောင်း၊ မိမိ၏လယ်မြေ တစ်ဧကတွင် ပန်းဂေါ်ဖီများကို စိုက်ကွက် ၄ ကွက်ခန့်ဘောင်ပြုပြင်ပြီး စိုက်ပျိုးထားရှိကြောင်း၊  သီးနှံ ပေါ်စ ဂေါ်ဖီထုတ်တစ်ထုတ်လျှင် ငွေကျပ် ၂၀၀၀ ကျပ်နှုန်းခန့် ရောင်းချရပြီး ယခုအခါ အခြားကျေးရွာများမှ ဆောင်းသီးနှံများလှိုင်လှိုင်ပေါ်လာ၍  ငွေကျပ် ၁၀၀၀ မှ ၁၂၀၀ ခန့် သာရောင်းချရကြောင်း၊ လယ်မြေတွင် ပန်းဂေါ်ဖီ၊ပန်းမုန်လာ၊ခရမ်းချဉ်များနှင့် အခြားဆောင်းသီးနှံဟင်းသီးဟင်းရွက်များ၊ မေမြို့ပန်းများကိုလည်း စိုက်ပျိုးရောင်းချကြောင်း၊ လယ်မြေမှ ထွက်ရှိသည့် သီးနှံများကို ငဖဲမြို့မဈေး တွင် မိမိကိုယ်တိုင်ရောင်းချပြီး အခင်းသို့ဖောက်သည် လာဝယ်သူများ ရှိကြောင်း၊ ဆောင်းသီးနှံများနှင့် မေမြို့(ချင်းမိုင်)ပန်းများကို နေ့စဉ် ငွေကျပ် သုံးသောင်းဖိုးခန့်ရောင်းချရလို့ အဆင်ပြေကြောင်း၊ လယ်မြေတစ်ဧကမှာဆောင်းသီးနှံပြီး နွေသီးနှံဟင်းသီးဟင်းရွက်များအဖြစ် တိုင်ထောင်ပဲ၊ ပြောင်းဖူး၊ သခွားနှင့် ရုံးပတီများကိုဆက်လက် စိုက်ပျိုးသွားမှာဖြစ်ကြောင်းနှင့်  ရာသီအလိုက် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချရလို့ မိသားစု စားဝတ်နေရေးအဆင်ပြေကြောင်း တောင်သူဒေါ်စမ်းအေးက ပြောကြားသည်။


ငဖဲမြို့နယ်တွင် မြို့မရပ်ကွက်၊ ချင်းစုရပ်ကွက်၊ အိုးမြေတွင်းကျေးရွာနှင့် ပန်းထိမ်းကျေးရွာများတွင် မြေအောက်ရေနှင့် မန်းချောင်းရေကို အသုံးပြု၍ လယ်မြေကိုင်းမြေများတွင် တစ်နိုင်တစ်ပိုင် ရာသီအလိုက် ဟင်းသီးဟင်းရွက်၊ အခြားသီးနှံများ၊ မေမြို့ပန်း၊သစ္စာပန်းနှင့် ဂန္ဓမာပန်းများကို စိုက်ပျိုး ရောင်းချလျက်ရှိကြောင်း သိရသည်။


မယု

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)