MNP - ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတ အကျိုးတော်ဆောင် အဖွဲ့က ဆင်းရဲနွမ်းပါးသော သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်ရန် ရည်ရွယ်၍ ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ယမန်နေ့က ပွင့်ဖြူမြို့နယ်ရှိ သက်ကြီးဘိုးဘွားများကို စားသောက်ရေးအဆင်ပြေ စေရန် ဆန်၊ ဆီ၊ ဆားနှင့် ဆေးဝါးပစ္စည်းများ အိမ်တိုင်ရာရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စားကုန်ပစ္စည်းနှင့် ဆေးဝါးများ ထောက်ပံ့လှူဒါန်းခြင်းကို ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ၊ အင်းနက်ကျေးရွာနှင့် မလွှကုန်းကျေးရွာတို့မှ အသက်(၈၀)နှစ်အထက်နှင့် အသက်(၇၀)နှစ်အထက် သက်ကြီးဘိုးဘွား (၅)ဦးကို တစ်ဦးလျှင် ငွေကျပ် နှစ်သောင်း တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆားနှင့် ဆေးဝါးပစ္စည်းများကို ကျေးရွာရပ်မိရပ်ဖများနှင့်အတူ အိမ်တိုင်ရာရောက် သွားရောက်ပြီး ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတအဖွဲ့ အကျိုးတော်ဆောင် ဦးကျော်ဆန်းထံမှ သိရသည်။
ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ တစ်ကိုယ်တော်ပရဟိတအဖွဲ့အနေဖြင့် ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ပွင့်ဖြူမြို့နယ်၊ စေတုတ္တရာမြို့နယ်နှင့် စလင်းမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသော သက်ကြီးဘိုးဘွားများကို စိတ်အေးချမ်းလုံခြုံစွာ နေထိုင်သွားနိုင်ရေးအတွက် လူနေအိမ်ပြုပြင် ဆောက်လုပ်လှူဒါန်းပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလ စားသောက်ရေးအဆင်ပြေစေရန်အတွက် ဆန် ၊ ဆီ ၊ ဆား ၊ ဆေးဝါး စသည့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခြင်း ခြုံစောင်နှင့် အဝတ်အထည်များ ထောက်ပံ့လှူဒါန်းပေးခြင်းများကို ကူညီဖြည့်ဆည်း လှူဒါန်းလျက်ရှိကြောင်း သိရကာ စေတနာအလှူရှင်များအနေဖြင့် ကုသိုလ်ပါဝင် လှူဒါန်းလိုပါက အဆိုပါ တစ်ကိုယ်တော် ပရဟိတ အကျိုးတော်ဆောင် ဦးကျော်ဆန်း၊ ဖုန်း - ၀၉ - ၂၅၆၃၁၈၁၆၉ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
လှိုင်ဝင်းလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment