MNP - ဇန်နဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက ပြည်မြို့လေးဆူဓါတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီးရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ ဗုဒ္ဓပြတိုက်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ တက်ရောက်လာကြသူများက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ပဲခူတိုင်ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးတင်ဦး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဝင်ဦးဝင်းစိုးတို့က ဗုဒ္ဓပြတိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက်တိုင်ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရွှေဆံတော်ဗုဒ္ဓပြတိုက် ကမ္ဗည်းမော်ကွန်းအား အမွှေးနံသာရည်များဖြင့် ပက်ဖြန်းပြီး ပြတိုက်အတွင်းခင်းကျင်ပြသထားရှိမှုအား လှည့်လည်ကြည်ရှူကာ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်ညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ကိုဆက်
https://t.me/MyanmarNationalPost
No comments:
Post a Comment