(၄၈)နှစ်မြောက် ရခိုင် ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲဆုပေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၄၈)နှစ်မြောက် ရခိုင် ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲဆုပေးပွဲကျင်းပ






MNP  -  ဇန်နဝါရီ ၁၉

        ရခိုင်ပြည်နယ်၊ အမ်း ခရိုင်၊ အမ်းမြို့နယ်တပ် တောင်မြို့၌  (၄၈)နှစ်မြောက် ရခိုင် ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့အုပ်ချုပ်ရေးမှူးနှင့်လုပ်ငန်းရှင်များဘောလုံးဝါသနာရှင်လူငယ်များစုပေါင်းကျင်းပသောဖိတ်ခေါ်ဘောလုံးပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့ နံ နက် က အမှတ်(၃) ရပ်ကွက် (အထက) ဘောလုံးအားကစားကွင်း၌ ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။


       (၄၈)နှစ်မြောက် ရခိုင် ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖိတ်​ခေါ် ဖလားဘော လုံးပြိုင်ပွဲ  နောက်ဆုံးဗိုလ်လုပွဲ ပွဲစဥ် နှင့်ဆုပေးပွဲအခမ်း အနားအားဆက်လက်ကျင်းပခဲ့ရာ ပထမဒိုင်းဆုရရှိသောလုံးကောက်ကျေးရွာမှအလင်းဆောင်အ သင်း၊ဒုတိယဆုရရှိသော တပ်တောင်မြို့၊အမှတ် ( ၃)ရပ်ကွက်မှ Future FC( 1) အသင်းနှင့်တတိယဆုရရှိသောရူးကျေးရွာအသင်းတို့အား မြို့အုပ်ချုပ် ရေးမှူး ဦးအောင်သန်းနှင့်ဌာနဆိုင်ရာများ၊တပ်တောင်မြို့စီးပွား ရေးလုပ် ငန်းရှင်များကဆုရဘောလုံးအသင်းများအားဆုများပေးအပ်ခဲ့သည်။


      အဆိုပါဖိတ်ခေါ်ဖလား ဘောလုံးအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၁၆ ရက်နေ့မှ ဘောလုံးအသင်း (၂၉) သင်းမှပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်းသတင်းရရှိ ပါသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)