MNP - ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့က ပူးပေါင်၍ တောမီးလောင်ကျွမ်းမှုနှင့် သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်တားနိုင်ရေးအတွက် မီးတားလမ်းဖောက်လုပ်ခြင်းကို ယမန်နေ့ညနေပိုင်းက မာန်ဟီးတောင် သစ်တောကြိုးဝိုင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပူပြင်းလှသောနွေရာသီ ရောက်ရှိလာတော့မှာဖြစ်သဖြင့် တောမီးလောင်ကျွမ်းမှုများမှာ မလွဲမသွေးရောက်ရှိလာမည်ဖြစ်သည့်အတွက် တော်မီးလောင်ကျွမ်းမှု လျော့နည်းလာစေရန်နှင့် မီးခိုးများလျော့နည်းလာစေရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ကြောင်း အဆိုပါမီးတားလမ်းမှာ မီတာ ၃၀၀ ရှည်ပြီး အကျယ်မှာ ၁၅ ပေရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မော်ထံမှသိရသည်။
စည်သူဌေး
https://t.me/MyanmarNationalPost
No comments:
Post a Comment