သာပေါင်းမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျားရဲကျေးရွာ၊ ဂုံညှင်းတန်းကျေးရွာအုပ်စုများအရောက် ဖြည့်ဆည်းဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျားရဲကျေးရွာ၊ ဂုံညှင်းတန်းကျေးရွာအုပ်စုများအရောက် ဖြည့်ဆည်းဆောင်ရွက်ပေး


MNP - ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျားရဲကျေးရွာအုပ်စု၊ ကျားရဲကျေးရွာ၊ ဂုံညှင်းတန်းကျေးရွာအုပ်စု၊ ကွင်းလျားစောင်းကျေးရွာတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ကျေးရွာအရောက် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။


ထိုသို့လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျေးရွာအရောက် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြရာတွင် ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျားရဲကျေးရွာအုပ်စု၊ ကျားရဲကျေးရွာ၊‌ ကျေးရွာခန်းမ၌ အဖွဲ့အမှတ်(၁)မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းဧရာထိုက်၊ အတွင်း‌ရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်းနှင့် သက်ဆိုင်ရာဌာနဆိုင်ရာတို့က တတ်ရောက်လာကြသောဒေသခံပြည်သူ ၁၉၁)ဦးတို့နှင့်တွေ့ဆုံ၍ အဖွဲ့အမှတ်(၂)မှ ဂုံညှင်းတန်းကျေးရွာအုပ်စု၊ ကွင်းလျားစောင်းကျေးရွာ၊ ကျေးရွာခန်းမ၌ နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂)ဦးကျော်တိုးနှင့် ဌာနဆိုင်ရာများက တတ်ရောက်လာကြ‌သော ကျေးလက်နေပြည်သူ(၁၁၂)ဦးတို့နှင့်တွေ့ဆုံ၍ တရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်ရေး၊ အလယ်တန်းဆင့်၊ အထက်တန်းဆင့် အထိသင်ယူပြီးမြောက်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ကျောင်းများ မီးဘေးအန္တရာယ်လုံခြုံရေး၊ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း (၆၆/၆)ပြုလုပ်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနိုင်ရေး၊ ရောဂါဖြစ်ပွားမှုလျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ အပြင်ထွက်တိုင်း Maskတပ်ဆင်ရေး၊ ကျေးရွာအုပ်စုပြည်သူ့လုံခြုံရေး ကြီးကြပ်အဖွဲ့ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ မော်တော်ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်ဆောင်းဦးထုပ်ဆောင်ရေး၊သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရေး၊ လမ်းပေါ်စပါးမလှန်းရေး၊ အလှူခံများလမ်းနှင့်လွတ်အောင် ယာဉ်အန္တရာယ်မဖြစ်စေဘဲအလှူခံရေး၊၊ဆောင်းသီးနှံနေကြာပြည့်မီစွာစိုက်ပျိုးရေး၊

စနေနေ့တိုင်းကျေးရွာအလိုက်၊ နေအိမ်အလိုက်သန့်ရှင်းရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ်ကာကွယ်ဆောင်ရွက်ရန်၊ထင်း၊ မီးသွေးတရား လွန်ထုတ်ယူသုံးစွဲမှုမရှိရေး၊ ထင်းမီးသွေးအစားထိုး စပါးခွံလောင်စာတောင့်စက်ရုံတည်ဆောက်သုံးစွဲရေး၊ နိုင်ငံစီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုထုတ်ယူရေးနွေစပါး၊ ပဲတီစိမ်းစိုက်တောင်သူများစာချုပ်ချုပ်ဆိုဆောင်ရွက်ရန်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကိစ္စရပ်များ ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများက သိရှိလိုသည်များမေးမြန်းကြရာ ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်း‌ဖြေကြားဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် COVID-19 ကာကွယ်ဆေးထိုးရာ ကျန်းမာရေးဌာနမှ ပြည်သူများအား ဆေးထိုးပေးနှံမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


မျိုးဇော်သိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)