ချောင်းဦးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွှတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဦးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွှတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများကျင်းပ



MNP  -  ဇန်နဝါရီ     ၃

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်နှင့် အဖွဲ့ဝင်များမှ စီစဉ်ကျင်းပပေးခဲ့ရာ အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသားကလေးငယ်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ စားပွဲတင်တင်းနစ်၊ ပိုက်ကျော်ခြင်း၊ လွန်ဆွဲပြိုင်ပွဲ၊ စကောရွက်၊ အာလူးကောက်၊ ထိုင်ခုံလုပွဲ၊ ဂုံနီအိတ်စွတ်အပြေးပြိုင်ပွဲများ ကျင်းပခဲ့ရာ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


ညနေပိုင်းတွင် အားကစားပြိုင်ပွဲအသီးသီးမှ ဆုရရှိသူအားကစားသမားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ လာမည့်ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီတွင် လွှတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နံနက် ၇ နာရီအချိန် လွှတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားသည့် အခမ်းအနားပြုလုပ်ပြီး ဂုဏ်ပြုဆုများပေးအပ်သွားရန် စီစဉ်ထားကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရပါသည်။


ဝင်းမြင့်အောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)