ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံအပေါ် တဖက်သတ် ဆုံးဖြတ်ချက်များအား ဆန့်ကျင်ရှုတ်ချပွဲ မကွေးမြို့တွင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံအပေါ် တဖက်သတ် ဆုံးဖြတ်ချက်များအား ဆန့်ကျင်ရှုတ်ချပွဲ မကွေးမြို့တွင် ကျင်းပ







MNP ၊ ဇန်နဝါရီ ၁၅

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဗြိတိန်က တင်သွင်းခဲ့သော အဆိုအား ဆုံးဖြတ်ချက်ချမှတ်ခဲ့သည့်အပေါ် ကန့်ကွက်ရှုတ်ချပွဲကို မကွေးမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မမှန်ကန်သောဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒို့နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်နဲ့၊ မြန်မာ့ဒီမိုကရေစီနှောင့်နှေးမည့်အကြံ ဒို့လက်မခံ၊ လုံခြုံရေးကောင်စီ၏ မမှန်ကန်တဲ့ ဆုံးဖြတ်ချက် အမြန်ပြန်ဖျက်၊ NUG, PDF တို့ရဲ့ အကြမ်းဖက်လုပ်ရပ်များကို မြှောက်ပေးနေတာ သတိထား၊ ဒို့နိုင်ငံရဲ့ ပြည်တွင်းရေးကို ဒို့ကိုယ်တိုင်ဆုံးဖြတ်မည်၊ မြန်မာ့နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးသည့်အကြံ ဒို့လက်မခံ၊ မဆိုင်တဲ့အလုပ်တွေ လုပ်နေတဲ့ လုံခြုံရေးကောင်စီ အလိုမရှိ စာသားပါ ပိုစတာများ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ မမှန်ကန်သော ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ မော်လမြိုင်၊ မြိတ် တို့တွင် ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။


#MyanmarNational Post #မကွေး #ကုလသမဂ္ဂ #လုံခြုံရေးကောင်စီ

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)