ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီး၌ ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီး၌ ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပမည်


                  



MNP  -  ဇန်နဝါရီ ၂၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘော့မြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံ စေတီတော်မြတ်ကြီး၌ ဗုဒ္ဓပူဇနိယပွဲတော်ကို မြန်မာသက္ကရာဇ် ၁၃၈၄ခု နှစ် တပို့တွဲလဆန်း (၄)ရက်မှ တပို့တွဲလပြည့် (၁၅)ရက်နေ့အထိ ဇန်နဝါရီ၂၄ရက်နေ့မှ ဖေဖော်ဝါရီလ ၄ရက်နေ့ အထိ (၁၂)ရက်တာ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ဇန်နဝါရီလ ၂၄ရက်နေ့ နံနက် ၉နာရီတွင် တေဇသာလာဓမ္မာရုံတော်၌ ကျင်းပမည်ဖြစ်ပြီး ကောင်းမှုလုံစေတီတော်မြတ်ကြီး အရှေ့ဘက်မုခ်တွင် အသံမစဲ မဟာအဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်းသိရသည်။


ဆက်လက်၍ ဖေဖော်ဝါရီလ ၃ရက်နေ့ နေ့လယ် ၁၂နာရီခွဲတွင် ရပ်နီးရပ်ဝေး ဗုဒ္ဓဘာသာဝင်များက ပဒေသာပင်လှည့်လည်ပူဇော်ခြင်း၊ နေ့လယ် ၁နာရီတွင် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ခြင်း၊ ထမနဲထိုးပွဲကျင်းပခြင်း၊ ညနေ၆နာရီတွင် ဆီမီးထွန်းညှိပူဇော်ခြင်းနှင့် ဖေဖော်ဝါရီလ၄ရက်နေ့ နံနက် ၅နာရီတွင် ကောင်းမှုလုံစေတီတော်မြတ်ကြီး၏ မုခ်များရှိ ဗုဒ္ဓဆင်းတုတော် (၉)ဆူအား မသိုးသင်္ကန်းကပ်လှူပူဇော်၍ ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်ခြင်း၊ နံနက် ၈နာရီတွင် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် နံနက်၉ နာရီတွင် ဗုဒ္ဓပူဇနိယ အဘိဓမ္မာအောင်ပွဲ ရေစက်ချပွဲ အခမ်းအနားကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီးသည် အထက်မှာကောင်းမှုလုံ၊ အောက်မှာရွှေတိဂုံ၊ အလယ်မှာရွှေစည်းခုံ ဆိုသည့်စကားနှင့်အညီ မြန်မာပြည်မြေက်ဖျား ပူတာအိုဒေသတွင် တန်ခိုးအကြီးဆုံး၊ အရွယ်အစားအကြီးဆုံးနှင့် ရှေးအကျဆုံးသော စေတီတော်မြတ်ကြီးဖြစ်ကြောင်း သိရသည်။


ယောရွှေနီ 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)