ကျိုင်းတုံမြို့နယ် နမ့်ခမ်း-ဝမ်ကောင်း-နမ့်နီ-နမ့်ကဲ-ရှဲန်ထန်နူး ကျေးရွာချင်းဆက် မြေသားလမ်းတာချဲ့ခြင်း လုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့နယ် နမ့်ခမ်း-ဝမ်ကောင်း-နမ့်နီ-နမ့်ကဲ-ရှဲန်ထန်နူး ကျေးရွာချင်းဆက် မြေသားလမ်းတာချဲ့ခြင်း လုပ်ငန်းများဆောင်ရွက်


MNP  - ဇန်နဝါရီ ၅ 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေကျပ် ၂၈၇ ဒဿမ ၇၄၇ သန်း အကုန်အကျခံကာ ကျိုင်းတုံမြို့နယ်၊ နမ့်နီ/နမ့်လုံကျေးရွာအုပ်စုရှိ နမ့်ခမ်း-ဝမ်ကောင်း-နမ့်နီ-နမ့်ကဲ-ရှဲန်ထန်နူး ကျေးရွာချင်းဆက် မြေသားလမ်းတာချဲ့ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ ကျေးရွာချင်းဆက်လမ်း (၁၅/၀)မိုင်ပေါ်မှ (၆/၀)မိုင်အား မြေသားလမ်းတာချဲ့လုပ်ငန်းများနှင့် လမ်းပေါ်ရှိ ၅ ပေ Box Culvert (၂၄)စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို တင်ဒါအောင်မြင်သည့် မင်းဒင်ကုမ္ပဏီမှ ၂၀၂၂ ခုနှစ် ဇွန်လတွင် လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင်လုပ်ငန်းများ ၈၈ ရာခိုင်နှုန်းပြီးစီးကာ လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်ရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီးနိုင်ရန်အတွက် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ ဒေသကြီးကြပ်ရေးမှူးနှင့်အဖွဲ့က ဇန်နဝါရီ ၃ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါလမ်းဆောင်ရွက်ပြီးစီးပါက ဒေသခံပြည်သူများသည် ကျိုင်းတုံမြို့သို့ အချိန်တိုအတွင်း ကူးလူးသွားလာနိုင်မည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။


အောင်ဇင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)