ယူနန်ပြည်နယ် မန်စီနှင့် မန္တလေးမြို့အကြား တိုက်ရိုက်လေကြောင်းပြေးဆွဲမှု ပြန်လည်စတင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူနန်ပြည်နယ် မန်စီနှင့် မန္တလေးမြို့အကြား တိုက်ရိုက်လေကြောင်းပြေးဆွဲမှု ပြန်လည်စတင်


MNP  -  ဇန်နဝါရီ ၂၂      

ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ရပ်နားထားခဲ့သော Ruili လေကြောင်းလိုင်း၏ မန္တလေး - မန်စီ -  မန္တလေး (DR-503) ခရီးစဉ်သည် ယမန်နေ့တွင် ယူနန်ပြည်နယ် မန်စီမြို့မှ မန္တလေးမြို့သို့ ပထမဦးဆုံးသောခရီးစဉ်အဖြစ် ပြန်လည်ပြေးဆွဲခဲ့ကာ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် (တံတားဦး) သို့ ညနေ ၄နာရီ မိနစ် ၅၀ တွင် ဆိုက်ရောက်ခဲ့သည်။


အဆိုပါခရီးစဉ်တွင် တရုတ်နိုင်ငံသား ၂၆ ဦး ၊ မြန်မာနိုင်ငံသား ၂ ဦး၊ စုစုပေါင်း ၂၈ ဦး လိုက်ပါခဲ့ကြပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် MJas (Mitsubishi Cooperation-Jalux) Airport Services Co.,Ltd မှ တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြပြီး လိုက်ပါလာသည့် ခရီးသွားဧည့်သည်များ သွားလာလည်ပတ်ရာတွင် အဆင်ပြေစေရေးအတွက် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန သတင်းပြန်ကြားရေးကောင်တာ၌ ခရီးသွားဆိုင်ရာ သတင်းအချက်အလက်များအား ရှင်းလင်းပြောကြားပြီး အထောက်အကူပြု လက်ကမ်း စာစောင်များ၊ QR Code များကို ဖြန့်ဝေပေးသည်။


အဆိုပါလေယာဉ်ဖြင့်  မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် (တံတားဦး) မှ မန်စီမြို့သို့ တရုတ်နိုင်ငံသား ၂၅ ဦး ၊ မြန်မာနိုင်ငံသား ၆ ဦး၊ စုစုပေါင်း ၃၁ ဦးလိုက်ပါ၍ ညနေ ၅ နာရီ မိနစ် ၄၀ တွင် ပြန်လည်ထွက်ခွာသွားသည်။


Ruili လေကြောင်းလိုင်းအနေဖြင့် မန်စီ - မန္တလေး - မန်စီ လေကြောင်းခရီးစဉ်ကို တစ်ပတ်လျှင် သုံးရက်နှုန်း အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များတွင် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)