သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP  -   ဇန်နဝါရီ   ၅

               သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယ​နေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


                  အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမျိုးချစ်ကအဖွင့်အမှာစကား ပြောကြားရာတွင် ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ရုံးအဆောက်အဦ အတွင်းအပြင် သန့်ရှင်းသာ ယာလှပရေး၊မြို့တွင်းအချက်အချာကျသောနေရာများနှင့်ငပလီလေဆိပ်၊ ဂေါက်ကွင်း၊ဟိုတယ်များနှင့် ကမ်းခြေသာယာလှပရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက် ထားရှိရန်နှင့် လုပ်ငန်းဆောင်ရွက်မှုများအားရှင်းလင်းတင်ပြပေးကြရန်ဆွေးနွေးပြောကြားခဲ့သည်။


                 ၎င်းနောက်တက်ရောက်လာကြသောခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများကလက်ရှိလုပ် ငန်းဆောင်ရွက်နေမှုများ၊လိုအပ်ချက်များအားဆွေးနွေးတင်ပြကြရာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ကလိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ပါသည်။


စန္ဒာကြည်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)