နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ခရမ်းချဉ်သီးအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ခရမ်းချဉ်သီးအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းသို့ တက်ရောက်




MNP  -  ဇန်နဝါရီ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ ခရမ်းချဉ်သီးအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ဇေယျာသီရိမြို့နယ်၊ စည်ပင်သာယာကျေးရွာတွင် ယနေ့နံနက်ပိုင်းကကျင်းပရာ  နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တက်ရောက်ခဲ့သည်။                           


သင်တန်းဖွင့်ပွဲတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ခရမ်းချဉ်သီးအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဟူသည် ထွက်ရှိလာသော သီးနှံ များကို တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရန် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည့်အပြင် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု( One Village One Product ) လုပ်ငန်းများ ပေါ်ပေါက်လာ စေရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသော ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်ဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်နှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံ၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သော အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ရေးများကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းက ပို့ချပေးသည့် နည်းပညာများကို အလေးထားသင်ယူကြရန်နှင့် မိမိကျေးရွာကိုယ်စားပြု ထုတ်ကုန်တစ်ခု ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်လိုအပ်ကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။ ယင်းနောက် နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေးက သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အသွင်သစ် ယိုမျိုးစုံလုပ်ငန်းရှင် ဒေါ်သွယ်ဇွန်အောင်က မိတ်ဆက်စကား ပြောကြားခဲ့သည်။  


အဆိုပါသင်တန်းသို့ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ စည်ပင်သာယာကျေးရွာမှ ခရမ်းချဉ်စိုက်တောင်သူ (၂၀) ဦး တက်ရောက်သင်ကြားပြီး နေပြည်တော်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ နည်းပြများက ခရမ်းချဉ်သီးယို အချို/အစပ်၊ ခရမ်းချဉ်သီးအနှစ်၊ ခရမ်းချဉ်သီးဆော့ ပြုလုပ်နည်းများကို ယနေ့မှ ၂၇ ရက်နေ့ထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


ထွန်းလင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)