ငဖဲမြို့နယ် ရှောက်ရင်းကျေးရွာတွင် ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ် ရှောက်ရင်းကျေးရွာတွင် ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ




MNP  -   ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် တောင်ပေါ်ဒေသတွင် ဘိန်းစိုက်ရာသီကာလ၌ ဘိန်းစိုက်ပျိုးမှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဖျက်ဆီးခြင်းနှင့် အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ရန်အတွက် အမှတ်(၃၇၅)အမြှောက်တပ်ရင်းမှ ဗိုလ်မှူးအောင်သူ ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူး ဒုရဲမှူးဇော်ဝင်း ဦးစီးသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းစစ်ကြောင်း အဖွဲ့(၂) သည် ရှောက်ရင်းကျေးရွာသို့သွားရောက်ပြီး  ယမန်နေ့ မွန်းလွဲ ၁နာရီခွဲအချိန်က  ဒေသခံတောင်သူများအား ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။


အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် စစ်ကြောင်းအဖွဲ့(၂) အမှတ် (၃၇၅) အမြှောက်တပ်ရင်းမှ ဗိုလ်မှူးအောင်သူက နယ်မြေလုံခြုံရေးဆိုင်ရာများ၊ မယတပ်စု(၁၅)မှ ဒုရဲအုပ် အောင်ကျော်ထွေးက မူးယစ်ဆေးဝါး ပပျောက်ရေး၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောခေါင်း ဦးတိုးဝေလှိုင်က သစ်တောပြုံးတီးမှု မရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ငဖဲမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူးဒုရဲမှူး ဇော်ဝင်းက မှုခင်းလျော့နည်း ကျဆင်းရေးနှင့် ဘိန်းစိုက်ပျိုးမှုမပြုရန်၊ ဘိန်းစိုက်ပျိုးပါက ဥပဒေနှင့်အညီ အရေးယူခံရနိုင်ကြောင်း၊ ဘိန်းအစား အခြားဝင်ငွေကောင်းသည့် အစားထိုးသီးနှံများ စိုက်ပျိုးရန်နှင့် ဘိန်းမျိုးစေ့များ ရှိပါက အပ်နှံပေးရန်တို့ကို ရှောက်ရင်းကျေးရွာမှ တောင်သူများအား အသိပညာပေး ဟော ပြောခဲ့ကြကြောင်း သိရသည်။


မယု

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)