မြစ်ကြီးနား၊ နောင်ချိုနှင့် ရန်ကင်းမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနား၊ နောင်ချိုနှင့် ရန်ကင်းမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ


MNP  -  ဇန်နဝါရီ ၉

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်ရှိ မမြင့်မြင့်ခိုင်(ခ)မခိုင်၏နေအိမ်သို့ ဝင်ရောက်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀ ကိုလည်းကောင်း၊ ထိုနေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် နောင်ချိုမြို့နယ် တောင်ရှည်ကျေးရွာအုပ်စု မကျီးရေကျေးရွာအနီးရှိ နောင်ချို-ရပ်စောက်သွားကားလမ်းတွင် ရပ်စောက်မြို့မှ နောင်ချိုမြို့ဘက်သို့ ကျော်ကျော်(ခ)အိုက်ငေါင်း မောင်းနှင်လာသော ဆိုင်ကယ်နှင့် ရဲမိုးထက် မောင်းနှင်လာသော ဆိုင်ကယ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကိုလည်းကောင်း။


ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ရန်ကင်းမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ Yankin Center အနီးတွင် အောင်မြင့်မြတ်(ခ)ဗိုက်ကြီးကို မသင်္ကာဖွယ်တွေ့ရှိသဖြင့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)