နတ်မောက်မြို့နယ် ကွင်းအမှတ်(၄၆၂) ရှိ မတ်ပဲ(၅)ဧက စမ်းသပ်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် ကွင်းအမှတ်(၄၆၂) ရှိ မတ်ပဲ(၅)ဧက စမ်းသပ်စိုက်ပျိုး


MNP  -  ဇန်နဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ အင်းကုန်းကျေးရွာ ကွင်းအမှတ်(၄၆၂)၌ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားသည့် မတ်ပဲများ စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံက သိရသည်။


“မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်းသီးနှံအဖြစ် ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီးများကို စိုက်ပျိုးထားသည့်အပြင် မတ်ပဲကိုလည်း   ဒေသနှင့် ကိုက်ညီမှု ရှိ/မရှိ စမ်းသပ်စိုက်ပျိုးထားပါတယ်၊ မတ်ပဲစိုက်ပျိုးနိုင်ရန်အတွက် ထယ်ရေးပြုပြင်ပြီး မြေဆွေး(သို့မဟုတ်) နွားချေးကို လှည်း(၁၅)စီးခန့် ထည့်ထားသည့်အပြင် မတ်ပဲအထွက်ကောင်းအောင် သဘာ၀မြေဩဇာနဲ့ ကွန်ပေါင်းမြေဩဇာတို့ကို မြေခံအဖြစ် ထည့်ပါတယ်၊ အပင်ပေါက်ပြီး ရက်ပေါင်း(၃၀)အတွင်း ပေါင်းမြက်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး  အပင်ပေါက်ကောင်းရန်နှင့် အပင်ပေါက်ညီညာစေရန် အစောပိုင်းတွင် ရေပေး သွင်းရပါတယ်၊ ခုဆိုရင် ရက်ပေါင်း(၆၀)ကျော်လာပြီဖြစ်ပါတယ်၊ အထွက်နှုန်းကောင်းမယ် ထင်ပါတယ်”ဟု အင်းကုန်းကျေးရွာ မတ်ပဲစိုက်တောင်သူ ဦးဇော်ဌေးထံက သိရသည်။


နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပြီး လူနေမှုဘ၀မြင့်မားလာစေရန်နှင့် ဒေသနှင့်ကိုက်ညီမှုရှိပါက ပိုမိုစိုက်ပျိုးနိုင်ရေး တောင်သူများနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ  ဒေါ်မြင့်မြင့်က ပြောသည်။  


မူမူစန်း       

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)