ကျိုက်ထိုမြို့နယ်၌အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးမြို့နယ်အဆင့်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးမြို့နယ်အဆင့်ဆောင်ရွက်





MNP -  ဇန်နဝါရီ ၉

      မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၌ အိမ် ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူရေးမြို့နယ်အဆင့်ကို ဇန်နဝါရီ ၉ရက်နံနက် ၈ နာရီခွဲတွင် ကျိုက်ထိုမြိုနယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများ၌‌ ကွင်း ဆင်းဆောင်ရွက်ခဲ့ကြသည်။


     ကွင်းဆင်းစာရင်းကောက်ယူသည့်နေရာများသို့မြေပြင်ကွင်းဆင်းစာရင်း‌ကောက်ယူရေးကော်မတီ ဥက္ကဌ  ဦးမျိုးမင်းစိုး (မြို့နယ်အုပ်ချုပ်ရေးမှူး) နှင့်မြို့နယ်စီမံအုပ်ချုပ်ရေး(အဖွဲ့ဝင် )ဗိုလ်မှူးပြည်ထွန်း၊(အဖွဲ့ဝင်) ဦးရဲနိုင်အောင် ၊လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်ထို မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်‌ဇော် တို့မှ စာရင်း ကောက်ယူရေး အဖွဲ့များအိမ်ထောင်စု လူဦးရေစာရင်းကောက်ယူရာတွင် မှားယွင်းမှုမရှိစေရေးအတွက်မြို့ပေါ် ရပ်ကွက်(၆)ရပ်ကွက်နှင့် ဖက္ကလိပ်ကျေးရွာ၊ကျိုက်ပိကျေးရွာများသို့ သွား ရောက်၍ တာဝန်ကျစာရင်းကောက်ယူရေးအဖွဲ့ခေါင်းဆောင်များနှင့်တွေ့ဆုံကာ

ရပ်ကွက်နှင့်ကျေးရွာနေပြည်သူများအား (Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။


      အဆိုပါအိမ်‌ထောင်စုလူဦးရေ စာရင်း အား ဌာနဆိုင်ရာဝန်ထမ်း များ၊ရပ်ကွက်/‌ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ က ဇန်နဝါရီ ၉ ရက်နေ့မှ ဇန်နဝါ

ရီ ၂၉ ရက်နေ့ထိစာရင်းမှန်ရရှိရန် ကောက် ယူ သွားမှာဖြစ်ကြောင်းစာရင်းကောက်ယူ‌ ရေးကော်မတီအဖွဲ့ထံမှသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)