ပြည်ထောင်စုဝန်ကြီး ဦးကိုကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့်အဖွဲ့ကို လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးကိုကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့်အဖွဲ့ကို လက်ခံတွေ့ဆုံ


MNP  -   ဇန်နဝါရီ ၁၈

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr.Mongkol Vlsitstump ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


ပညာသင်ကြားရန်ဖိတ်ခေါ်


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ထေရဝါဒဗုဒ္ဓသာသနာ ပြန့်ပွားရေးနှင့်    မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို အဓိကဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ-ထိုင်းနှစ်နိုင်ငံ ပူးပေါင်း၍ ယဉ်ကျေးမှုဖလှယ်ရေး လုပ်ငန်းများ ဆောင်ရွက်လိုပါကြောင်း၊ တက္ကသိုလ်များအကြား၊ ရှေးဟောင်းသုတေသန လုပ်ငန်းများ၊ ပြတိုက်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လိုပါ ကြောင်း၊ ထိုင်းနိုင်ငံမှ ပြည်သူများ၊ သံဃာတော်များကို အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာ သနာပြု တက္ကသိုလ်တွင်လည်း လာရောက်ပညာသင်ကြားရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။


သံအမတ်ကြီးက  မြန်မာနိုင်ငံမှ  ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၉ ရက်တွင် ကျင်းပမည့် မဲခေါင်-လန်ချန်း ဒေသရိုးရာအကပွဲတော်သို့   တက်ရောက်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ ကျင်းပမည့် အလားတူ ပွဲတော်များတွင်လည်း ထိုင်းနိုင်ငံမှ ပါဝင်ဆင်နွှဲရန် ဆန္ဒရှိပါကြောင်း၊ အဆိုပါကဏ္ဍများတွင် ပူးပေါင်း ပါဝင်ခြင်းဖြင့်  နှစ်နိုင်ငံအကြား  ရင်းနှီးချစ်ခင်မှုကို ပိုမိုရရှိမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ အား ထိန်းချုပ်နိုင်ပြီဖြစ်သည့်အတွက်  နှစ်နိုင်ငံ ပူးပေါင်း၍ ပွဲတော်များ ပူးပေါင်းဆောင်ရွက်လိုပါ ကြောင်းနှင့် ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ပူးပေါင်းဆောင်ရွက်လိုပါကြောင်း ပြောကြားသည်။


တွေ့ဆုံပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး (သာသနာရေး) ဦးအေးထွန်းနှင့် ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါက်တာမိုးဇော်ထွန်း၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ တက်ရောက်ကြသည်။ 


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)