မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ၂၀၁၈-၂၀၁၉ ခုနှစ် ကျေးလက်ဒေသစီမံချက် ဗဟိုအဆင့်တွင် ပထမဆုရရှိခဲ့သည့် ကြောင်ပန်းကုန်းကျေးရွာ ဆယ်အိမ်စုမှူးများအား ဂုဏ်ပြုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ၂၀၁၈-၂၀၁၉ ခုနှစ် ကျေးလက်ဒေသစီမံချက် ဗဟိုအဆင့်တွင် ပထမဆုရရှိခဲ့သည့် ကြောင်ပန်းကုန်းကျေးရွာ ဆယ်အိမ်စုမှူးများအား ဂုဏ်ပြုချီးမြှင့်





MNP -  ဇန်နဝါရီ ၉

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ၂၀၁၈-၂၀၁၉ ခုနှစ် ကျေးလက်ဒေသစီမံချက် ဗဟိုအဆင့်တွင် ပထမဆုရရှိခဲ့သည့် ကြောင်ပန်းကုန်းကျေးရွာ ဆယ်အိမ်စုမှူးများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာအောင်က ကြောင်ပန်းကုန်းကျေးရွာမှ ဆယ်အိမ်စုမှူးများသည် ဗဟိုအဆင့် ကျေးလက်ဒေသစီမံချက်ပြိုင်ပွဲတွင် ပထမဆုရရှိသဖြင့် ဂုဏ်ပြုဆုများပေးအပ်ရခြင်းဖြစ်ကြောင်းနှင့် စံပြကျေးရွာများ ဆောင်ရွက်ရာတွင် ကျေးရွာပြည်သူများ စည်းလုံးညီညွတ်မှုနှင့် စံပြကျေးရွာအဖြစ် လုပ်ဆောင်ရမည့် အလုပ်များကို ဆယ်အိမ်စုမှူးများ နားလည်ကျွမ်းကျင်မှုကြောင့် ဆုရရှိခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းက ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ကြောင်ပန်းကုန်းကျေးရွာမှ ဆယ်အိမ်စုမှူးများ ပူးပေါင်းကြိုးစားမှုကြောင့် ဗဟိုအဆင့်တွင် ဆုရရှိခြင်းဖြစ်ကြောင်းနှင့် စံပြကျေးရွာအတွက် ဆောင်ရွက်ရမည့် ကဏ္ဍကြီး (၅) ရပ်အကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စံပြကျေးရွာနှင့်အညီ ဆက်လက်ကြိုးစားသွားကြစေလိုကြေင်း  ရှင်းလင်းပြေကြားခဲ့သည်။


ထို့နောက် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာအောင်နှင့် အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းတို့က ကျေးလက်ဒေသစီမံချက် ဗဟိုအဆင့်တွင် ပထမဆုရရှိခဲ့သည့် ကျောက်ဆည်မြို့နယ်၊ ကြောင်ပန်းကုန်းကျေးရွာမှ ဆယ်အိမ်စုမှူးများအား အမျိုးသမီးရေးရာ ဝတ်စုံများနှင့် ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း၊ ကြောင်ပန်းကုန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များကို လည်းကောင်း၊ ကျောက်ဆည်မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းရုံး သားဖွားခန်း ပြုပြင်ရန်နှင့် စဉ့်ကိုင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး ခြံစည်းရိုးကာရံနိုင်ရေး အတွက် အလှူငွေများပေးအပ်ခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုး(၉)ဦး၊ အဘွား(၄)ဦး၊ စုစုပေါင်း(၁၃)ဦးအား ထောက်ပံ့ငွေများနှင့် လှူဘွယ်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)