ကမမောင်းမြို့၌ စားသုံးဆီဖူလုံရေးစမ်းသပ်စိုက်ပျိုးထားသော နေကြာစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမမောင်းမြို့၌ စားသုံးဆီဖူလုံရေးစမ်းသပ်စိုက်ပျိုးထားသော နေကြာစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း



MNP   -   ဇန်နဝါရီ ၂၀

ကရင်ပြည်နယ်  ဖာပွန်ခရိုင် ကမမောင်းမြို့ဒေသအတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် အထက်မီးဇိုင်းကျေးရွာတွင် စိုက်ပျိုးထားသော    (၁.၂၀)ဧကရှိ မျိုးစေ့ထုတ်ဆောင်း နေကြစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်းသိရသည်။  ယခင်က အဆိုပါလယ်မြေများတွင် ပဲတောင့်ရှည်၊ ရုန်းပတီသီးပင်နှင့် စားဖိုဆောင်သီနှံများကိုသာ စိုက်ပျိုးခဲ့ကြပြီး ယခုစိုက်ပျိုးရေးဦးစီးဌာနက နေကြာစိုက်ပျိုးရန်လိုအပ်တဲ့ မျိုးစေ့နဲ့သွင်းအားစုများထုတ်ပေးခဲ့တာကြောင့် စမ်းသပ်စိုက်ပျိုးခဲ့ရာ ၇၅ %အောင်မြင်ဖြစ်ထွန်းခဲ့ပါသည်။


အဆိုပါ  ဆီထွက်သီးနှံနေကြာများ အောင်မြင်ဖြစ်ထွန်းပါက ကမမောင်းမြို့ဒေသတွင်းစာသုံးဆီများပေါများလာကာ ကျန်းမာရေးနှင့်ညီညွတ်သောနေကြာဆီများကို ပြည်သူများစျေးနှုန်းသက်သာစွာ စားသုံးနိုင်မည်ဖြစ်ကြောင်း သိရသည်။


တင်တင်လှ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)