MNP - ဇန်နဝါရီ ၁၄
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် သံတွဲလေဆိပ် ရှင်းလင်းဆောင်ခန်းမသို့ရောက်ရှိရာ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လေဆိပ်လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုံခြုံရေးစီမံဆောင်ရွက်ထားရှိမှုနှင့် လေဆိပ်မီးသတ်ဌာနလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။
ကြည့်ရှုစစ်ဆေး
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ပြည်တွင်း၊ ပြည်ပခရီးသွားများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် လေဆိပ်တာဝန်ခံနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်၊ လေဆိပ်အဆောက်အအုံအတွင်း ရောက်ရှိ/ ထွက်ခွာခရီးသည်များအတွက် လုံခြုံရေးအရစစ်ဆေးသည့်နေရာများ၊ လေယာဉ်စောင့်ဆိုင်းသည့်နေရာများ စနစ်တကျရှိစေရန်၊ ဝန်ထမ်းများအားလုံး လုံခြုံရေးအသိ/ သတိ/ အမြင်ရှိကြစေရန်၊ လေဆိပ်မီးသတ်ဌာနအနေဖြင့် ဇာတ်တိုက်လေ့ကျင့်မှု စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ လေယာဉ်များဘေးအန္တရာယ်ကင်းရှင်းစွာနှင့် လုံခြုံစိတ်ချစွာ ဆင်း/တက်ပျံသန်းနိုင်ရေးအတွက် အလေးထားဆောင်ရွက်ရန်၊ တပ်ဆင်ထားသည့်လေကြောင်းဆိုင်ရာ အထောက်အကူပြုစက်ကိရိယာများ အစဉ်ကောင်းမွန်နေရန်မှာကြားပြီး ဆောင်ရွက်ထားသည့်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် သံတွဲမြို့ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment