မအီမြို့ ဂျီဖြူတောင်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)တွင် ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့ ဂျီဖြူတောင်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)တွင် ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ








MNP  -   ဇန်နဝါရီ    ၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာအထက်တန်းကျောင်း (ခွဲ)တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့်  ဆုချီးမြှင့်ပွဲအခမ်းအနားကို ပထမနေ့အနေဖြင့် ယမန်နေ့ ညနေပိုင်းက အဆိုပါကျောင်းရှေ့ အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားကို အ ထ က (ခွဲ) ဂျီဖြူတောင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဇော်ဇော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းကော်မတီ ဦးစိုးမင်းအောင်က ကျောင်းဖွံ့ဖြိုးရေးကိစ္စရပ်များဆောင်ရွက်ခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပဒေသာကပွဲအစီအစဉ်ကို အ ထ က (ခွဲ) ဂျီဖြူတောင်ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ယဉ်ကျေးမှု၊ ရခိုင်ရိုးရာယဉ်ကျေးမှုနှင့် ခေတ်ပေါ်တေးဂီတ အကအလှများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြပြီး ဆုချီးမြှင့်ခြင်းအစီအစဉ်များကို ဆက်လက်ကျင်းပခဲ့သည်။ 


ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အထက်တန်း/အလယ်တန်း/မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများနှင့် (၄၈)နှစ်မြောက်၊ ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသားကျောင်းသူများကိုလည်း တစ်ပါတည်း ဆုချီးမြှင့်ပေးခြင်းဖြစ်ပြီး ဆုများကို အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြသည့် ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးဆောင်ကော်မတီဝင်များနှင့်  ပညာရေးမိသားစုမှ ဆရာ/ဆရာမများက ပေးအပ်ချီးမြှင့်ခဲ့ကြပါကြောင်း၊ အ ထ က (ခွဲ) ဂျီဖြူတောင် ဆရာ/ဆရာမများ၏ စီစဉ်မှုဖြင့် တက်ရောက်အားပေးလာသူများအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါကြောင်း၊  ချီးမြင့်ပေးခဲ့သည့် ဆုများ၏ စုစုပေါင်းတန်ဖိုးမှာ ငွေကျပ်(၂၄၅၀၀၀)ကျပ်ကို ချီးမြှင့်ပေခဲ့ခြင်းဖြစ်ကြောင်း၊ ပထမနေ့ ပဒေသာကပွဲ၌ ကျောင်းသား/ကျောင်းသူလေးများ၏ ကပြသီဆိုဖျော်ဖြေတင်ဆက်မှုများကို အားပေးချီးမြှင့်သည့်အနေဖြင့် ရပ်မိရပ်ဖပြည်သူများက အလှူထည့်ဝင်ချီးမြှင့်ငွေကျပ် (၁၉)သိန်းကျော်ကို လက်ခံရရှိခဲ့ပါကြောင်း၊ ၎င်းငွေများကို အ ထ က (ခွဲ) ဂျီဖြူတောင်ကျောင်း၏ ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ၌ သုံးစွဲသွားမည်ဖြစ်ပါကြောင်း ယနေ့ညတွင်လည်း ပဒေသာကပွဲ ဒုတိယညကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စတင်ကပြတင်ဆက်မည့် အစီအစဉ်များကို အ ထ က ခွဲ ဂျီဖြူတောင် facebook page စာမျက်နှာတွင် ကြိုတင်လွှင့်တင်ထားပြီးဖြစ်ပါကြောင်းတို့ကို အဆိုပါ ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဇော်ဇော်ထွန်းက ပြောကြားခဲ့သည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)