စလင်းမြို့ ပေါင်းပင်ဇင်းရပ်ကွက် ငှက်ပျောတောဝတ်ကျောင်း ရှင်ပင်ချမ်းသာကြီးမြတ်စွာဘုရား ဗုဒ္ဒပူဇနိယဘုရားပွဲတော်စုပေါင်းစတုဒီသာကျွေး - MyanmarNationalPost

.com/img/a/

News Agency

demo-image

စလင်းမြို့ ပေါင်းပင်ဇင်းရပ်ကွက် ငှက်ပျောတောဝတ်ကျောင်း ရှင်ပင်ချမ်းသာကြီးမြတ်စွာဘုရား ဗုဒ္ဒပူဇနိယဘုရားပွဲတော်စုပေါင်းစတုဒီသာကျွေး

135

136

137


MNP  -  ဇန်နဝါရီ ၁၄

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ ပေါင်းပင်ဇင်းရက်ကွက် ငှက်ပျောတောဝတ်ကျောင်း ရှင်ပင်ချမ်းသာကြီးမြတ်စွာဘုရား ဗုဒ္ဓပူဇနိယဘုရားပွဲတောကြီးတွင် ရပ်ကွက်နေပြည်သူများမှ ၂၀၂၃ ခုနှစ် ယမန်နေ့မွန်းလွဲ ၁နာရီအချိန်မှစတင်ကာ မြို့နယ်အတွင်းရှိ ပြည်သူများအား စတုဒီသာကျွေးခဲ့ကြောင်း သိရသည်။


စလင်းမြို့ ပေါင်းပင်ဇင်းရပ်ကွက် ငှက်ပျောတောဝတ်ကျောင်း ရှင်ပင်ချမ်းသာကြီးမြတ်စွာဘုရား ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးတွင် ရပ်ကွက်နေပြည်သူများက စုပေါင်း၍လည်းကောင်း၊ တစ်ဦးခြင်းဖြင့်လည်းကောင်း၊ အရုပ်အလတ်အမြတ်မရွေး ဆင်းရဲချမ်းသာမရွေး တစ်ပျော်တစ်ပါးစားသုံးနိုင်ကြစေရန်အတွက် ပေါင်းပင်ဇင်းရပ်ကွက် ငှက်ပျောတောဝတ်ကျောင်းလမ်း၌ စားပွဲများခင်းကျင်းလျက် စိတ်အေးချမ်းသာပျော်ရွှင်စွာစားသုံနိုင်ကြစေရန်အတွက် စားပွဲများခင်းကျင်း၍ အစားအစာများအဖြစ် နို့စိမ်းခေါက်ဆွဲ၊ မုန့်ဟင်းခါး ၊ကြာဇံကြော်၊ ပေါင်မုန့်နို့ဆမ်း၊ လ္ဘက်သုပ်၊ ဆီထမင်းနှင့်ဘယာကြော်၊ ငါးပေါင်းထမင်းနှင့်ဗာလချောင်ကြော်၊ သီးစုံဖျော်ရည်များကို တည်ခင်းကျွေးမွေးခဲ့ကြောင်း၊ ပေါင်းပင်းဇင်းရပ်ကွက်နေပြည်သူများမှ နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓမြတ်စွာဘုရားပွဲတော်ကြီးအတွင်း စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် ကျွေးမွေးဧည့်ခံကြကာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ဓလေ့အထများဖြင့် မြင်ရသူအပေါင်း ကြည်နူးဝမ်းသာမဆုံး ပြုံးပျော်စားသုံးကာဖြင့် စတုဒီသာအလှူပွဲဲခြိမ့်ခြိမ့်သဲ စလင်းမြို့ပေါင်းပင်ဇင်းရပ်ကွက်နေပြည်သူများက စုပေါင်းကျွေးမွေးလျက်ရှိကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages