MNP - ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က နောင်ကျော့ခန်းမဆောင်နေရာ၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းသား/သူလေးများက ပြည်မြန်မာသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က အမှာစကား ပြောကြားပေးခြင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေက ပညာရေးစုံညီပွဲတော်ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပေးခြင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန်းသန်းဌေးက မိုးနဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး၌ ပညာရေးစုံညီပွဲတော်ကို အောင်အောင်မြင်မြင်ဖြစ်မြောက်ရေး ဆရာ/ဆရာမများ ပူးပေါင်းဆောင်ရွက်နေကြသည့်အတွက် ဆရာ/ဆရာမများကို ကျေးဇူးတင်ကြောင်း ပြောကြားပေးခြင်း၊ ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးအောင်အောင်စိုးဝင်းက အခမ်းအနားဖြစ်မြောက်ရေး ဝိုင်းဝန်းကူညီပေးကြသူများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားပေးခြင်း၊ နောင်ကျော့ အလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးထွန်းလှက၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် မိဘနှင့်ဆရာပူးပေါင်းမှုကြောင့်သာ ထူးချွန်ကျောင်းသားများ ပေါ်ထွန်းလာအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်းနှင့် ကျောင်းဖွံ့ဖြိုးတိုး တက်ရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဥ်များနှင့် ကျောင်းတွင်းအခြေအနေများ ပြောကြားပေးခြင်းတို့ကို အသီးသီး ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် KG ပြီးစီးကြောင်း လက်မှတ်များ၊ ၂၀၂၁-၂၀၂၂ ပညာရည်ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/သူ များနှင့် ကျောင်းတွင်း ဉာဏပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများအား ဂုဏ်ပြုစုများကို မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးခဲ့ကြရာ နောင်ကျော့အလယ်တန်းကျောင်း(ခွဲ)ရှိ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/သူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ် ပညာရေးမှူး ဒေါ်ခင်မိုးဆွေ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အုပ်စုတူ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ ကျောင်းသား/သူများ၊ ကျောင်းသား/သူ မိဘများနှင့် စုပေါင်းအင်အား ၁၅၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်ကိုကို
https://t.me/MyanmarNationalPost
No comments:
Post a Comment