MNP - ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ အေးချမ်းပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားနိုင်ရန်အတွက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့် အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ ၂ ရက်နေ့မှစတင်၍ ငဖဲမြို့အခြေခံပညာ အထက်တန်းကျောင်း ဝန်းအတွင်းနှင့် မြို့နယ် အားကစားကွင်းတွင် ကျင်းပခဲ့ရာ ယနေ့နံနက် ၉နာရီအချိန်က ပိုက်ကျော်ခြင်း၊ ဘောလီဘော၊ စားပွဲတင်တင်းနစ်နှင့် ဖူဆယ်ဘောလုံး ဗိုလ်လုပွဲပြိုင်ပွဲများကျင်းပပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမောင်မောင်အေးနှင့် ဌာနဆိုင်ရာများက ကြည့်ရှုအားပေး၍ ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့်အားကစားပြိုင်ပွဲများတွင် ပြေးခုန်ပစ်၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်၊ စားပွဲတင်တင်းနစ်နှင့် စစ်တုရင်ပြိုင်ပွဲများပါဝင်ပြီး ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းတွင် ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ် ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ စစ်တုရင်ပြိုင်ပွဲနှင့် မြို့နယ်အားကစားကွင်းတွင် ဖူဆယ်ဘောလုံးပြိုင်ပွဲ များကို ဗိုလ်လုပွဲအဖြစ်ကျင်းပခဲ့ပြီး ဆုရရှိသော ပြိုင်ပွဲဝင်အသင်းများအား တာဝန်ရှိသူများက ဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မယု
https://t.me/MyanmarNationalPost
No comments:
Post a Comment