မယ်တော်ကြီးကို ပြုစုနေရတဲ့ ဆရာတော် ဦးဝါသဝ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မယ်တော်ကြီးကို ပြုစုနေရတဲ့ ဆရာတော် ဦးဝါသဝ



ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှမြို့နယ်တွေမှာ ဒေသတည်ငြိမ်အေးချမ်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်တမံ ဆောင်ရွက်နေတဲ့ ဆရာတော်ဦးဝါသဝ (ငါးရာငါးဆယ်ဆရာတော်) ရဲ့ မယ်တော်ကြီး ကျန်းမာရေးမကောင်းလို့ ပြုစုနေရတဲ့ အကြောင်း သိရပါတယ်။


ကျွန်တော်တို့ သွားခဲ့စဉ်က ဆရာတော်ရဲ့ ခမည်းတော်၊ မယ်တော်တို့ ကျန်းမာကြပါတယ်။ ဆရာတော်ရဲ့ ဇာတိက တန့်ဆည်မြို့နယ်၊ မူးခွကျေးရွာဖြစ်ပါတယ်။ မယ်တော်ကြီးတို့နဲ့ တွေ့တော့ သားရဟန်းအတွက် ဘယ်လောက်တောင် ဂုဏ်ယူဝမ်းမြောက်မိလဲဆိုတာ မေးကြည့်မိတယ်။ မယ်တော်ကြီးက မလုပ်စေချင်ဘူး။ အန္တရာယ်များလွန်းတယ်လို့ ပြောဖူးပါတယ်။


အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူတွေကို ဆရာတော် ကယ်တင်စောင့်ရှောက်နေတဲ့အချိန် မယ်တော်ကြီးကလည်း ဖုန်းဆက်တယ်။ အမတွေကလည်း ဖုန်းဆက်တယ်။ ကျောင်းမှာ လက်ခံမထားဘဲ ကိုယ်တတ်နိုင်သလောက် ကူညီပေးပြီး တာဝန်ရှိသူတွေဆီ လွှဲပြောင်းပေးလိုက်ဖို့ပေါ့။ ရဟန်းဒကာခံထားတဲ့ အမဖြစ်သူလည်း ဆက်မလုပ်ဖို့ တားပါသတဲ့။ ဆရာတော်က မယ်တော်ကြီးတားလည်း မရ။ အမတွေကို နောက်တစ်ခါ အဲဒီလိုစကားတွေ ပြောမယ်ဆိုရင် ဖုန်းမဆက်နဲ့လို့ အပြတ်ပြောထားသတဲ့။ အခုတော့ ခမည်းတော်၊ မယ်တော်၊ အစ်ကို၊ အမတွေအားလုံး အတွက် လုံခြုံမှုပေးရုံမျှမက ကိုယ့်ရပ်ကိုယ်ရွာ ကိုယ့်ဒေသကိုပါ ကာကွယ်မှုပေးနေတာဖြစ်လို့ မတားကြတော့ပါဘူး။


ဆရာတော်ရဲ့ မယ်တော်ကြီးတို့ နေရတဲ့ အခြေအနေက သိပ်ကို အန္တရာယ်ကြီးတယ်။ မျက်စောင်းထိုးအိမ်က PDF ခေါင်းဆောင်အိမ်တဲ့။ စစ်ကြောင်းလာပြီဆိုရင် PDF တွေက ပြေးခိုင်းတာ။ သက်ကြီးရွယ်အိုတွေလည်း လိုက်ပြေးရတယ်။ တောထဲတောင်ထဲ ဒုက္ခတွေ ရောက်ရတဲ့အကြောင်းပေါ့။ မပြေးရင် PDF က ဒလန်ဆိုပြီး ပြဿနာရှာအုံးမှာလေ။

ဆရာတော်ရဲ့ မှော်တောင်ကျောင်းမှာ ပြည်သူ့စစ်ဖွဲ့စည်းပြီး တန့်ဆည်မြို့နယ်ထဲက ကျွန်းလှ၊ ကဘဲ၊ မူးတိမ်  တို့မှာ ပြည်သူ့စစ်တွေ ဖွဲ့စည်းပြီးတဲ့အခါ ဆရာတော်ကိုယ်တိုင် မူးခွကို သွားရှင်းခဲ့ရပါတယ်။ ရွာထဲ ရပ်ထဲမှာ အေးအေးဆေးဆေး နေမယ်ဆိုရင် နေကြ၊ အဖျက်အမှောင့်လုပ်မယ်ဆိုရင် မနေကြနဲ့။ PDF ခေါင်းဆောင်လည်း ဆရာတော်ရောက်သွားတော့မှ ခွေးပြေး ဝက်ပြေး ပြေးပါသတဲ့။


မူးခွမှာလည်း ပြည်သူ့စစ်ကို စနစ်တကျ ဖွဲ့စည်းပေးထားခဲ့ပါတယ်။ မူးခွရွာဟာ ဘာသာရေး သာသနာရေး သိပ်ကို အလေးထားကြတဲ့ သူတွေပါ။ ဓမ္မစကူးလ်ကျောင်းသား ၅၀၀ ကျော် ရှိတယ်။ တည်ငြိမ်အေးချမ်းမှု မရှိတဲ့ ကာလမှာတောင် ဘာသာရေးအခမ်းအနားတွေကို အပျက်မခံဘဲ ပြည်သူ့စစ်က လုံခြုံရေးယူပြီး လုပ်ဆောင်ကြတာတော့ ဘာသာရေးကိစ္စတွေအပေါ် အလေးထားကြောင်း ထင်ရှားပါတယ်။ PDF အကြမ်းဖက်သမားများကလည်း နည်းမျိုးစုံစွာနဲ့ နှောက်ယှက် ဖျက်ဆီးကြပါတယ်။ ရွာထိပ်မှာ မိုင်းလာထောင်တယ်။ ပဋ္ဌာန်းပွဲကို Drone နဲ့ ဗုံးလာချတယ်။ စိန်ပြောင်းနဲ့ အဝေးကနေ လှမ်းထုတယ်။ ဆရာတော် ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့စစ်တွေဟာ နေ့ည မပျက် အလှည့်ကျတာဝန်ယူပြီး အကြမ်းဖက်အန္တရာယ် ကာကွယ်ရေးကို ဆောင်ရွက်နေကြရပါတယ်။ သင်္ကြန်ကာလ ပြည်သူ့စစ်ခေါင်းဆောင်တွေက ရွာထဲမှာ သင်္ကြန်ပွဲ ကျင်းပနိုင်အောင် စီစဉ်ပေးတယ်။ ရွာထဲမှာ သင်္ကြန်ပွဲ ရွာပြင်မှာ တိုက်ပွဲ ဆင်နွှဲပြီး လုပ်ခဲ့ကြရပါတယ်။


၃၀-၁၂-၂၀၂၂ ရက်နေ့က ဆရာတော်နဲ့ အဆက်အသွယ်ရလို့ မယ်တော်ကြီး နေမကောင်းတဲ့ အကြောင်း ဆရာတော်က မိန့်ကြားလို့ သိရပါတယ်။ မယ်တော်ကြီးက ဒုတိယအကြိမ် လေပြန်ဖြတ်တာ၊ ပထမတစ်ကြိမ် က ပြန်ကောင်းသွားတယ်။ အခု ဆေးရုံဆေးခန်း သွားရလာရ အဆင်ပြေအောင် ဆရာတော်ကိုယ်တိုင် ပြုစုနေရတယ်လို့ သိရပါတယ်။

မယ်တော်ကြီးကို ပြုစုစောင့်ရှောက်ရင်း ဒေသတွင်း သူ့ရဲ့လုပ်ငန်းဆောင်တာတွေကိုလည်း အဆက်မပြတ် လှည့်လည် ဟောပြောစည်းရုံး ဆောင်ရွက်နေမြဲပါပဲ။ ဆရာတော်ရဲ့ မယ်တော်ကြီး ခံစားနေရတဲ့ ဝေဒနာတွေ အမြန်ဆုံး သက်သာပျောက်ကင်းပါစေ။


နောင်တော်လေး (ဘိုကလေး)


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)