နတ်မောက်မြို့ ပ/လက်ခုပ်ပင်ကျေးရွာ၌ ကုလားပဲနှင့် နေကြာသီးညှပ်ဧက (၅၀)စိုက်ခင်းများသို့ တောင်သူအသိပညာပေး ကွင်းသရုပ်ပြပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့ ပ/လက်ခုပ်ပင်ကျေးရွာ၌ ကုလားပဲနှင့် နေကြာသီးညှပ်ဧက (၅၀)စိုက်ခင်းများသို့ တောင်သူအသိပညာပေး ကွင်းသရုပ်ပြပွဲ ပြုလုပ်



MNP  -  ဇန်နဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပ/လက်ခုပ်ပင်ကျေးရွာ၌ ကုလားပဲနှင့် နေကြာသီးညှပ်ဧက(၅၀) စိုက်ခင်းများသို့ တောင်သူအသိပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံက သိရသည်။                                                       


နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲမျိုးစုံသီးနှံများမှ ဆီထွက်သီးနှံတိုးတက်ရန် နေကြာသီးညှပ်စိုက်ပျိုးခြင်းကို အထူးအလေးထားပြီး ပညာပေးစံပြကွက်များ စိုက်ပျိုးခြင်း၊ မျိုးစေ့ထောက်ပံ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊      စိုက်နည်းစနစ် မှန်ကန်ရေးအတွက် တောင်သူများနဲ့ ပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ ကုလားပဲသီးနှံများထဲတွင် နေကြာသီးညှပ် စိုက်ပျိုးသောနည်းစနစ်များကို တောင်သူများ အောင်မြင်ဖြစ်ထွန်းရန်အတွက်  စိုက်ပျိုးချိန်မှ စတင်ပြီး ရိတ်သိမ်းချိန်အထိ ဆောင်ရွက်ရမည့် နည်းပညာများကို ကွင်းထဲတွင် လက်တွေ့သင်ကြားပြသ၍ ကုလားပဲ တစ်ဧကအထွက်နှုန်း တိုးတက်ရေးနှင့် နေကြာအထွက်နှုန်းတိုးတက်ရေးများကို တောင်သူများနှင့် ပေါင်းစပ်၍ နည်းပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်းနှင့်  လက်ရှိဧက(၂၀)စိုက်ကွင်းတွင် ကုလားပဲမျိုးအနေဖြင့် ဒေသနှင့်ကိုက်ညီသည့် ICCV - 2 မျိုးနှင့် ရေဆင်း-၆ မျိုးကို စိုက်ပျိုးထားရှိပြီး နေကြာကို မျိုးသန့်ခြံများမှ ရရှိလာသော ဆင်းရွှေကြာ-၂ နေကြာမျိုးကို တစ်ဧကအထွက်နှုန်း တိုးတက်စေရေးအတွက်  အချိန်ကိုက်၊ အချိုးကျ သွင်းအားစုများထည့်သွင်းဆောင်ရွက်ခြင်း၊ အပင်ပြုစုခြင်း လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ ဖြည့်စွက်ရေပေးသွင်းခြင်းလုပ်ငန်းများကိုလည်း  စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စဉ်ဆက်မပြတ် ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုလားပဲသီးနှံများ ပန်းပွင့်ချိန်မှ စတင်ပြီး အထွက်နှုန်းတိုးတက်းရေးအတွက် ဘိုရိုလက်ချားရွက်ဖျန်းမြေဩဇာပက်ဖြန်းခြင်း၊  နေကြာအထွက်နှုန်း တိုးတက်ရေးအတွက် နေကြာသီးသန့် သီးညှပ်စိုက်ပျိုးထားသည့် စိုက်တန်းများအတွင်း ယူရီယားမြေဩဇာ ထည့်ခြင်း၊ ရွက်ဖျန်းမြေဩဇာပက်ဖျန်းခြင်းလုပ်ငန်း၊ ပိုးသတ်ဆေးပက်ဖျန်းပြီး ပိုးမွှားအန္တရာယ် ကာကွယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများ ဆီထွက်သီးနှံကဏ္ဍတွင် မိမိ မိသားစု စားသုံးဆီ ဖူလုံအောင်ရရှိသည့်အပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုပြီး တောင်သူများ၏ လူနေမှုဘ၀မြင့်မားလာစေရန်နှင့် မြို့နယ်အတွင်းရှိ  တောင်သူများအနေဖြင့် မိမိစိုက်ပျိုးလိုသည့် သီးနှံအပြင် သီးညှပ်စိုက်ပျိုးခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်စေလိုကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက ပြောသည်။


လှဝင်း  

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)