(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ


MNP  -  ဇန်နဝါရီ ၆

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ စစ်ရေးပြတပ်ခွဲ၊ ဂုဏ်ပြုယာဉ်၊ အထိမ်းအမှတ်ပြခန်းနှင့် အားကစားပြိုင်ပွဲများတွင် တက်ကြွစွာ ပါဝင်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများကို ဂုဏ်ပြုသည့်အနေဖြင့် ညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီး ဌာနစုပေါင်းခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနအကြီးအကဲများနှင့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့သည် ကြုံတောင့်ကြုံခဲ နေ့ထူးနေ့မြတ်ဖြစ်ပြီး ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဘဝတစ်သက်တာတွင် ဂုဏ်ယူဖွယ်အဖြစ်ကျန်ရစ်နေမည်ဖြစ်ပါကြောင်း၊ ဂုဏ်ပြုအခမ်းအနားတွင် မိမိတို့ဝန်ကြီးဌာန ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ဂုဏ်ပြုယာဉ်၊ အထိမ်းအမှတ်ပြခန်းနှင့် အားကစားပြိုင်ပွဲများတွင် ပါဝင်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် စည်းကမ်းရှိရှိ စနစ်တကျ ညီညီညွတ်ညွတ်တက်တက်ကြွကြွဖြင့် ဆောင်ရွက်နိုင်မှုကြောင့် မိမိတို့ဝန်ကြီးဌာန၏ ပုံရိပ်ကိုများစွာ မြှင့်တင်ပေးနိုင်ခဲ့သဖြင့် အထူးဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဂုဏ်ပြုအခမ်းအနားတွင် အောင်မြင်အောင်ဆောင်ရွက်နိုင်‌ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့သည့် အထောက်အကူပြုအဖွဲ့များမှ ဝန်ထမ်းများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် အဖွဲ့အစည်းများဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရာတွင်ရရှိသည့် အလေ့အကျင့်ကောင်းများ၊ အတွေ့အကြုံကောင်းများကို ရယူဆုပ်ကိုင်၍ နိုင်ငံတော်၏ယန္တရားများ ပိုမိုကောင်းမွန်စွာ အရှိန်အဟုန်မြှင့်တင်လည်ပတ်နိုင်ရေးအတွက် အားသွန်ခွန်စိုက်ဆထက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က စစ်ရေးပြတပ်ခွဲတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ဗိုလ်ချုပ် ဖြိုးသန့်တို့က ဂုဏ်ပြုယာဉ်နှင့် အထိမ်းအမှတ်ပြခန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ဂုဏ်ပြုဆုချီးမြှင့်ခံရသည့် ဝန်ထမ်းများကိုယ်စားဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ဂုဏ်ပြုယာဉ်တွင် ပါဝင်ကပြခဲ့ကြသည့် ဖွံ့ဖြိုး‌ရေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက ပြိုင်ပွဲဝင်အကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသော ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)