နတ်မောက်မြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အလွတ်တန်းဖူဆယ် ဘောလုံးပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အလွတ်တန်းဖူဆယ် ဘောလုံးပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲများကျင်းပ



MNP  -  ဇန်နဝါရီ ၅

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဥက္ကဋ္ဌဖလား အလွတ်တန်းဖူဆယ် ဘောလုံးပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီ အချိန်တွင် ကျင်းပခဲ့သည်။


အဆိုပါဗိုလ်လုပွဲများ၌  အလွတ်တန်းဖူဆယ် ဘောလုံးပြိုင်ပွဲတွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်   မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ဖူဆယ်ကွင်းတွင်လည်းကောင်း၊ စစ်တုရင်အကြီးတန်းနှင့် အငယ်တန်းဗိုလ်လုပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင်လည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်ရှေ့တွင်လည်းကောင်း ယှဉ်ပြိုင်ကစားလျက်ရှိပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ညနေ(၃)နာရီတွင် ဆုများအသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဖြိုးဖြိုး    

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)