(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့သဝဏ်လွှာဖတ်ကြားသည့်အခမ်းအနား ရမ်းဗြဲမြို့၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့သဝဏ်လွှာဖတ်ကြားသည့်အခမ်းအနား ရမ်းဗြဲမြို့၌ ကျင်းပ







MNP  -   ဇန်နဝါရီ        ၄

    ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်သဝဏ်ဖတ်ကြားသည့်အခမ်းအနားကို ရမ်းဗြဲမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့အားကစားကွင်း၌ ယနေ့နံနက် ၇ နာရီအချိန်က ကျင်းပကြသည်။


    ရှေ့ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဦးဆောင်ပြီး  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား  တက်ရောက်လာကြသူများမှအလေးပြုကြသည်။    ၎င်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သည့်သဝဏ်အားရမ်းဗြဲမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးခင်မောင်သန်းက ဖတ်ကြားသည်။ ဆက်လက်ပြီး (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သော အလယ်တန်းအဆင့်နှင့်အထက်တန်းအဆင့် ဆောင်ပါး၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများနှင့်အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသောသူများကို ဆုများအသီးသီးချီးမြှင့်ပေးကြသည်။


    အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်မီးသတ်တပ်ဖွဲ့ဝင်များ လူမှုရေးအသင်အဖွဲ့များမြို့မိမြို့ဖများနှင့် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ အင်အား ( ၃၀၀ ) ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။


အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)