မအီမြို့တွင် ပညာရေးစုံညီပွဲတော်အထိမ်းအမှတ်နှင့် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကာယဉာဏပြိုင်ပွဲများ ကျင်းပလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် ပညာရေးစုံညီပွဲတော်အထိမ်းအမှတ်နှင့် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကာယဉာဏပြိုင်ပွဲများ ကျင်းပလျက်ရှိ





MNP  -   ဇန်နဝါရီ    ၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အထက်တန်းကျောင်းတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အထိမ်းအမှတ်နှင့် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကာယဉာဏပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ အဆိုပါကျောင်းရှေ့ အားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။


ထိုသို့ ယှဉ်ပြိုင်ကစားကြရာတွင် ကာယအားကစားပြိုင်ပွဲများအနေဖြင့် လွန်ဆွဲပြိုင်ပွဲ၊ ထုတ်ဆီးထိုးပြိုင်ပွဲ၊  မီတာ(၅၀)/မီတာ(၁၀၀)/မီတာ(၂၀၀)အပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အပ်ချည်ထိုးပြိုင်ပွဲ၊ အင်္ကျီဝတ်ပြိုင်ပွဲ၊ သံဗုံးရိုက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ စံကောရွက်ပြိုင်ပွဲနှင့် ကွမ်းသီးကောက်ပြိုင်ပွဲများကို  အထက်တန်း/အလယ်တန်း/မူလတန်းအဆင့် ကျောင်းသူကျောင်းသားများအား ဝင်ရောက်ယှဉ်ပြိုင်ကစားစေခဲ့ပြီး ကျဘမ်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို အထက်တန်း/အလယ်တန်း/မူလတန်းအဆင့် ခေါင်းစဉ်ခွဲခြား၍ ဉာဏစွမ်းရည်ပြိုင်ပွဲများအနေဖြင့် ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 


ဖော်ပြပါ ကာယဉာဏအားကစားပြိုင်ပွဲများကို ဒီဇင်ဘာ(၃၁)ရက်နေ့မှ စတင်၍ ဇန်နဝါရီ(၃)ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပါကြောင်း၊ ကာယစွမ်းရည်အားကစားပြိုင်ပွဲများနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသည့်ကျောင်းသူကျောင်းသားများကို ဇန်နဝါရီ (၄)ရက်၊ စိန်ရတုလွတ်လပ်ရေးနေ့တွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ပြီး ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ အ ထ က မအီ၏ ပညာရေးစုံညီပွဲတော် ပဒေသာကပွဲကို နေ့လယ်ပိုင်မှ စတင်၍ ညနေ(၅)နာရီခန်အချိန်ထိ ဆက်လက်ဆောင်ရွက် ကျင်းပသွားမည် ဖြစ်ပါကြောင်းနှင့် အဆိုပါ ဆုချီးမြှင့်ပွဲတွင်(၄၈)နှစ်မြောက်၊ ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသားကျောင်းသူများကိုလည်း တစ်ပါတည်း ဆုချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်းတို့ကို ဖော်ပြပါ အ ထ က မအီကျောင်းမှ ဆရာဦးတင်အုံးကျော်က ပြောကြားခဲ့သည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)