မအီမြို့၌ အိမ်ထောင်စုလူဦးရေစာရင်း အစစ်ဆေးခံနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရန် အသိပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့၌ အိမ်ထောင်စုလူဦးရေစာရင်း အစစ်ဆေးခံနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရန် အသိပေးနှိုးဆော်




MNP -   ဇန်နဝါရီ     ၈

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် လူဦးရေစာရင်းများ မှန်ကန်စေရေး မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းကို စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း လာရောက်ဆောင်ရွက်သွားမည် ဖြစ်၍ အိမ်ထောင်စုလူဦးရေစာရင်း အစစ်ဆေးခံနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိကြရန် အသိပေးနှိုးဆော်ခြင်းကို မအီမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မအီနယ်မြေမီးသတ်စခန်းတို့ပူးပေါင်း၍ ယမန်နေ့ညနေပိုင်းက မအီမြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။


ထိုသို့ နှိုးဆော်ခဲ့ရာတွင်--

မိဘပြည်သူများအနေဖြင့် အောက်ပါအချက်များကို ကြိုတင်သိရှိ ပြင်ဆင်နိုင်ပါရန်နင့် ကူညီဆောင်ရွက်ပေးကြပါရန် အသိပေးမေတ္တာရပ်ခံအပ်ပါသည်- 


(က) စာရင်းကောက်များ လာရောက်မည့်နေ့ရက်တွင် အိမ်ထောင်စုတိုင်းသည် မိမိတို့၏ အိမ်ထောင်စုလူဦးရေစာရင်း၊ အိမ်သားများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်အတူ အိမ်ထောင်ဦးစီး (သို့မဟုတ်) ဖြေကြားနိုင်သူအိမ်သားတစ်ဦးဦးက နေအိမ်တွင် အသင့်စောင့်ဆိုင်း ဖြေကြားပေးရန်၊ 


(ခ) စာရင်းလာရောက်ကောက်ယူသည့်နေ့တွင် ခရီးထွက်ခွာမည့်သူများ ရှိပါက ၎င်းတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (သို့မဟုတ်) ၎င်းတို့၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ်၊ မွေးသက္ကရာဇ်၊ အဘအမည်တို့ကို ရေးမှတ်ရယူထားရန်၊ 


(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ကိုင်ဆောင်ထားခြင်း မရှိသေးသူများအတွက် မွေးစာရင်း၊ ကျောင်းထောက်ခံစာများ တင်ပြပေးရန်၊ 


(ဃ) မိမိတို့၏ အိမ်ထောင်စုလူဦးရေစာရင်းမှ ပြောင်းထွက်သွားသူများ၊ သေဆုံးသူများ၊ ထောင်ကျသူများ၊ (၃)လအထက် ခရီးလွန်သူများ၊ ပြည်ပထွက်ခွာသူများ၊ သာသနာ့ဘောင်ဝင်သူများ၊ အခြားအရပ်ဒေသမှ ပြောင်းဝင်လာသူများ၊ မွေးတိုးကလေးများ ရှိပါက စာရင်းကောက်အား ပြောကြားပေးရန်၊ 


(င) အိမ်ထောင်စုလူဦးရေစာရင်းတွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ကိုင်ဆောင်လက်မှတ်တွင် ပါရှိသော အချက်အလက်များ ကွဲလွဲနေပါက စာရင်းကောက်အား ပြောကြားပေးရန်။  

စသည့် အချက်များကို ပြည်သူများ ကြိုတင်သိရှိ ပြင်ဆင်ထားနိုင်ကြစေရန်နှင့် ကူညီဆောင်ရွက်ပေးကြစေရန် မအီမြို့ပေါ်ရပ်ကွက်များအနှံ့ အသံချဲ့စက်ဖြင့်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)