ကျိုက်ထိုမြို့နယ်၌(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်း အနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်း အနားကျင်းပ







MNP  -  ဇန်နဝါရီ ၄

     မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့၌(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်အားကစားပြိုင်ပွဲများကျင်းပပြီးဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ (၄)ရက် နံနက် ၈ နာရီတွင် မြို့နယ်(အောင်ဆန်း) အားကစားကွင်း၌ကျင်းပပြုလုပ်ခဲ့သည်။


    ယင်းပြိုင်ပွဲများသို့မြို့နယ်အတွင်းရှိဌာနဆိုင်ရာများ၊ အခြေခံပညာ မူလတန်း၊မူလတန်း(လွန်)၊အလယ်တန်း၊အထက်တန်း၊အထက် တန်း(ခွဲ)ကျောင်းများမှကျောင်း သားကျောင်းသူများက အားကစားပြိုင်ပွဲများဖြစ်သော ဘော်လီဘော၊ပိုက်ကျော်ခြင်း၊ဖူဆယ်နှင့် ထုပ်ဆီးတိုး ၊အခြားအားကစားပြိုင်ပွဲအမျိုးမျိုးတို့ကိုကျင်းပခဲ့ရာကျောင်းသားကျောင်းသူများနှင့် ဝန်ထမ်းများ ကတပျော်တပါးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။


     အဆိုပါ အားကစားပြိုင်ပွဲများတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအားပထမ၊ဒုတိယ၊တတိယအဖြစ်ရွေးချယ် ၍ ကျိုက်ထိုခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ထွန်း၊ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးနှင့် ဌာနဆိုင်ရာ အကြီးအကဲများကဆုများအသီးသီးချီးမြင့်ပေးခဲ့ကြောင်းသိရသည်။


ဝင်းမောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)