ပဲခူးမြို့၊ မြို့တော်ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား (နေပြည်တော်)တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများနှင့် ကူညီပံ့ပိုးပါဝင်ဖျော်ဖြေခဲ့သည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား (နေပြည်တော်)တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများနှင့် ကူညီပံ့ပိုးပါဝင်ဖျော်ဖြေခဲ့သည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ






MNP  -  ဇန်နဝါရီ ၁၄

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား (နေပြည်တော်)တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများနှင့် ကူညီပံ့ပိုးပါဝင်ဖျော်ဖြေခဲ့သည့်   ပုဂ္ဂိုလ်များအား   ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌  ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။


ရှေးဦးစွာ အခမ်းနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားပြီး (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုယာဉ်တွင် မြန်မာမှုဖြင့် ပါဝင်ဆောင်ရွက်ခဲ့သော မြန်မာမှုအနုပညာရှင်များ၊ ကပြဖျော်ဖြေခဲ့သည့်  တောင်ငူပညာရေးကောလိပ်မှ   သင်တန်းသူများအတွက်   ဂုဏ်ပြုမှတ်တမ်းများကို    လည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်  တရားသူကြီးချုပ်  ဒေါ်လွင်လွင်အေးကျော် က အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ဆရာစံ၏ နယ်ချဲ့တော်လှန်ရေး စည်းရုံးမှု သရုပ်ဖော် တင်ဆက်ခဲ့ကြသည့် ကျောင်းသား/သူများအတွက် ဂုဏ်ပြုမှတ်တမ်းများကိုလည်းကောင်း၊ အစိုးရအဖွဲ့ တာဝန်ရှိသူများက အုပ်ချုပ်သူ၊ ပညာရှင်နှင့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီခဲ့သည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအတွက်     ဂုဏ်ပြုမှတ်တမ်းများကိုလည်းကောင်း အသီးသီး ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။


ယင်းနောက် တောင်ငူပညာရေးကောလိပ်မှ သင်တန်းသူများက ပဲခူးတိုင်းဌာနေ သီချင်းဖြင့် လည်းကောင်း၊ ပျူယဉ်ကျေးမှုအဖွဲ့မှ ပျူအကဖြင့်လည်းကောင်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသား၊သူများက ဆရာစံ၏ အလံတောင်ဌာနချုပ်မှ နယ်ချဲ့တော်လှန်ရေးအတွက်စည်းရုံးမှုအား သရုပ်ဖော် တင်ဆက်ကပြကြပြီး “ပြည့်ရတနာ” သီချင်းဖြင့် ဂုဏ်ပြုဆုရရှိခဲ့သည့် အကအဖွဲ့များမှ တေးသီချင်းများဖြင့်  အသီးသီး ဧည့်ခံဖျော်ဖြေ တင်ဆက်ခဲ့ကြရာ၊  တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်မှ အမှတ်တရ ဂုဏ်ပြုပန်းခြင်း ပေးအပ်ခဲ့သည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပြီး (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနား (နေပြည်တော်)တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် မှတ်တမ်းဗီဒီယိုအား ကြည့်ရှုခဲ့ကြကာ ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် တောင်ငူပညာရေးကောလိပ်မှ အကအဖွဲ့၊ ပျူယဉ်ကျေးမှုအကအဖွဲ့နှင့် ဆရာစံ၏ နယ်ချဲ့တော်လှန်ရေးစည်းရုံးမှု သရုပ်ဖော်အဖွဲ့တို့အား ငွေကျပ်သိန်း (၅၀) ထောက်ပံ့ချီးမြှင့်ပေးခဲ့ကာ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)