MNP - ဇန်နဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
ရှေးဦးစွာ မှော်ဘီမြို့နယ် အ.မ.က(လှည်းငုတ်ချောင်း)မှ ကျောင်းသား၊ ကျောင်းသူလေးများက ပညာရေးစုံညီပွဲတော် သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးနောက် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်စမ်းစမ်းဝင်းက ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပပြုလုပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကာယစွမ်းရည် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၇ ဦး၊ ဉာဏစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၅၃ ဦးတို့အား ဂုဏ်ပြုဆုများကို မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး မှော်ဘီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ တေးသရုပ်ဖော်သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ကောင်းမြတ်သူ
https://t.me/MyanmarNationalPost
No comments:
Post a Comment