ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ နှင့် စတုဒီသာကျွေးမွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ နှင့် စတုဒီသာကျွေးမွေး





MNP -   ဇန်နဝါရီ   ၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌  ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီ  ၄ ရက်နေ့တွင် ကျရောက်သော (၇၅) စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ နှင့် စတုဒီသာကျွေးမွေးခြင်းများကို ယမန်နေ့ ညနေ ပိုင်းက မြို့မ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။


အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ်  ကျင်းပပြု လုပ်သည့် အားကစား ပွဲများ ဖြစ် သော ချောတိုင်တက်ပြိုင်ပွဲ  ၊ လွန်ဆွဲပြိုင်ပွဲ ၊ကင်းမြီးကောက်ပြိုင်ပွဲ ၊ မုန့်ကိုက်ပြိုင်ပွဲ ၊  မီတာ ၁၀၀ ပြိုင်ပွဲ ၊ မီတာ ၅၀ ပြိုင်ပွဲ ၊  ဂုန်နီအိတ်စွပ်ပြိုင်ပွဲ ၊ အပ်ချည်ထိုးပြိုင်ပွဲ ၊ ကွမ်းသီးကောက်ပြိုင်ပွဲ ၊ ခြေပူးပြိုင်ပွဲ ၊ ပူစီးဖောင်းဖောက်ပြိုင်ပွဲ ၊  ဆန် ကောရွတ်ပြိုင်ပွဲ ၊ ရေအိုးရွတ်ပြိုင်ပွဲများ  အသက်အရွယ်အလိုက် အမျိုးသား ၊ အမျိုးသမီးများက ယှဉ်ပြိုင် ခဲ့ကြပြီး အနိုင်ရရှိ သည့် အသင်း များအား  မြို့နယ် စီမံအုပ် ချုပ်ရေး ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင် များ ၊ တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။ 


ယင်းနောက် ညနေပိုင်းတွင် မြို့မ အားကစားကွင်းတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက မုန့်ဟင်းခါး ၊ ရခိုင်မုန့်တီ ၊ မုန့်လုံးရေပေါ် ၊ မုန်ပေါင်း နှင့် ဒေသ အစားအစာများ စတုဒီသာကျွေးမွေးကြရာ ဒေသခံပြည်သူများက ပျော်ပျော်ပါးပါးလှည့်လည်စား သောက်ကြသူ များ နှင့် အထူးစည်းကားခဲ့သည်။ အဆိုပါ စတုဒီသာကျွေးမွေးကြသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ စုပေါင်းအဖွဲ့များအား ခရိုင် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ မြို့နယ် စီမံ အုပ်ချုပ် ရေး ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ ၊ တာဝန်ရှိသူများက အကောင်းဆုံးဆု ၊ လူကြိုက် အများ ဆုံး နှင့် နှစ်သိမ့်ဆုရရှိသော အဖွဲ့တို့အား ဆုများအသီးသီး ချီးမြှင့် ပေးခဲ့ ကြကြောင်းသိရသည်။


သက်လွင်စိုး ၊ အောင်ကျော်စိန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)