မြဝတီမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မြဝတီမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

28

20221231_084857


MNP -  ဇန်နဝါရီ ၁

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတား(Cargo)ဘက်ခြမ်းတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ကြီးကြပ်ကွပ်ကဲမှု လက်အောက်ရှိ မြဝတီမြို့နယ်ကုန်တင်ကုန်ချကော်မတီရုံး(ကာယ-ဉာဏ)၀န်ထမ်းများ၏ ဘော်လီဘောနှင့်ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ကျင်းပကြောင်း သိရသည်။


ရှေးဦးစွာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက ရွတ်ဆိုသည်။ ထို့နောက် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေးပြီး ကျောင်းသား၊ ကျောင်းသူများမှ သုံးရောင်ခြယ်အက၊ တိုင်းရင်းသားယဉ်ကျေးမှုအက၊ ပန်းပွားဘင်ခရာအကများဖြင့် ကပြဖျော်ဖြေသည်။


ဆက်လက်ပြီး မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ အဖွဲ့ဝင် ဦးစိန်သောင်း၊ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြဝတီခရိုင်ဦးစီးမှူး ဦးရဲဇင်လတ်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး အောင်ထက်ဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေး ဦးသက်လွင်တို့က ပါ၀င်တင်တင်ဆက်ပေးသည့် ကျောင်းသားကျောင်းသူအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ပေးသည်။


ထို့နောက် မြဝတီမြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးမှ မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်စိုးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး ပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိန်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages