MNP - ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ဘဝသစ်ကျေးရွာအုပ်စု၊ ကမ်းနားကွင်းကျေးရွာ၌ ယနေ့နံနက် (၉)နာရီခွဲအချိန်က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောနေနိုင်ထွန်း၊ အမာနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ကျော်သူရနှင့် စစ်ကြောင်းကြီးငါးကြောင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများက ကမ်းနားကွင်းကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ များ၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ မီးဘေး အန္တရာယ်ကင်းဝေးစေရေး စည်းကမ်းများလိုက်နာဆောင်ရွက်ရေး စသည်ဖြင့် မိမိတို့ဌာနအလိုက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြပြီး ပြည်သူများ၏ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ယင်းနောက် ကျေးလက်ကျန်းမာရေးဌာနမှ ဆရာမက တွေ့ဆုံပွဲသို့တက်ရောက်လာကြသောဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment