ဒဂုံတက္ကသိုလ်၌ စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံတက္ကသိုလ်၌ စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ


MNP  -   ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ်၌ စီမံခန့်ခွဲမှုဆိုင်ရာအသိပညာပေးဟောပြောပွဲအဖြစ် From Students to Professional နှင့် Management Skills for Senior Academic Leaders ခေါင်းစဉ်များဖြင့် ဟောပြောပွဲ အခမ်းအနားကို ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဟောပြောပွဲအခမ်းအနားတွင် ဒဂုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက ဂုဏ်ရှိန်ဝင်းပ ဒဂုံတက္ကသိုလ်အလှသီချင်းဖြင့် သီဆိုဖွင့်လှစ်၍ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သာထွန်းမောင်က အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာထိပ်တင်ဟန်က ဆရာကြီးဦးအေးကျော်၏ အတ္ထုပ္ပတ္ထိကို ဖတ်ကြားပေးခဲ့ကြောင်း သိရှိရသည်။


အဆိုပါဟောပြောပွဲ အခမ်းအနားတွင် Founder and Principal at Myanmar Leadership And Management Institute မှ ဆရာကြီး ဦးအေးကျော်က ကျောင်းသား ကျောင်းသူများအတွက် (From Students to Professional) ခေါင်းစဉ်ဖြင့် ဟောပြောပေးခြင်းနှင့် ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ဘာသာရပ်အသီးသီးမှ ဌာနမှူး ဆရာဆရာမများအတွက် (Management Skills for Senior Academicခ Leaders)ခေါင်းစဉ်တို့ဖြင့် အသီးသီးဟောပြောပေးခဲ့ပြီးနောက် ဒုတိယပါမောက္ခချုပ် ဒေါက်တာထိပ်တင်ဟန်က ဆရာကြီးဦးအေးကျော်အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။


ဟောပြောပွဲသို့ ဒဂုံတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဘာသာရပ်ဌာနခွဲ အသီးသီးမှ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၀၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


ဇွဲမင်းထက်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)