တောင်ကုတ်မြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာများ ဖြန့်ဝေဂုဏ်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာများ ဖြန့်ဝေဂုဏ်ပြု




MNP  -  ဇန်နဝါရီ ၄

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ် တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ် အဖြစ် ထုတ်ဝေထားသည့် စတေကာများကိုယနေ့ နံနက် ပိုင်းတွင် လျှပ်စစ်လမ်းဆုံ မီးပွိုင့်အနီးတွင် သွားလာလျက်ရှိသည့် မော်တော်ယာဉ်များနှင့်ဆိုင်ကယ်များ၌ ကပ်ပေးခြင်းဖြင့် ဖြန့်ဝေ ခဲ့ ကြကြောင်းသိရသည်။


(၇၅)နှစ်မြောက် စိန်ရတုလွဝ်လပ်ရေးနေ့ အထိမ်းအမှတ် စတေကာများဖြန့်ဝေကပ်နှံခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် ၏စီစဉ်ညွှန်ကြားမှု ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး ၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ နှင့် မီးသတ်ဦးစီးဌာန မှ ဝန်ထမ်းများကပန်းတောင်း-တောင်ကုတ်လမ်းတစ်လျှောက် သွားလာလျက်ရှိသည့် မော်တော်ယာဉ်များ နှင့် ဆိုင်ကယ်များတွင် ကပ်နှံပေးခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)