ရွှေတောင်မြို့နယ် (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပျော်ပွဲ/ ရွှင်ပွဲအားကစားပြိုင်ပွဲများနှင့်ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပျော်ပွဲ/ ရွှင်ပွဲအားကစားပြိုင်ပွဲများနှင့်ဆုချီးမြှင့်ပွဲကျင်းပ




MNP -  ဇန်နဝါရီ ၅

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရွှေတောင်မြို့နယ် ပြည်သူ့အားကစားကွင်းတွင် ယမန်နေ့ နံနက်ပိုင်းက (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပျော်ပွဲ/ ရွှင်ပွဲအားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အား/ ကာကော်မတီဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီးအမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ တွင်အားကစားနည်း (၈)  မျိုး၊ အမျိုးသားအပျော်တန်း ခေါင်းအုံးရိုက်ပွဲ၊ အမျိုးသမီး အပျော်တမ်းထုတ်ဆီးတိုးပြိုင်ပွဲ၊ အမျိုးသား/ သမီး အပျော်တန်းလွန် ဆွဲပြိုင်ပွဲ၊ အမျိုးသားလူသစ်တန်း ကြက်တောင်ရိုက်ပြိုင်ပွဲ၊အမျိုးသားအလွတ်တန်း တစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲ၊ အမျိုးသားအလွတ်တန်းနှစ်ယောက်တွဲ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်း ပြိုင်ပွဲများတွင် မျိုးဆက်သစ်လူငယ်များနှင့် ကျောင်းသား/ သူများ ပါဝင်ယှဉ်ပြိုင်ရာ တစ်ဦးချင်းနှင့် အသင်းအလိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုချီးမြှင့်ငွေပေါင်း (၉၈၀၀၀၀/-) ကျပ်အားဆုရပြိုင်ပွဲဝင် အားကစားသမားများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ကော်မတီအလိုက်တာဝန်ရှိသူဆုများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)