MNP - ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကွမ်းလုံမြို့နယ် အားကစား ဘောလုံးကွင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲတွင် မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ ပယ်နတီဂိုးသွင်းပြိုင်ပွဲ၊ မီတာ(၅၀) အာလူးကောက်ပြိုင်ပွဲ၊ (၇၅)မီတာ သုံးချောင်းထောက်ပြိုင်ပွဲ၊ မီတာ(၅၀)ဂုံနီအိတ်စွပ်ပြိုင်ပွဲ၊ ကြက်ဖခွတ်ပြိုင်ပွဲ၊ မီတာ(၅၀)စာအုပ်ရွက်ပြိုင်ပွဲ၊ မီတာ(၅၀)ဇွန်း သံပရာသီးကိုက်ပြိုင်ပွဲ၊ မီတာ(၅၀) ဖယောင်းတိုင်မီးထွန်း လမ်းလျှောက်ပြိုင်ပွဲ၊ မီတာ(၅၀)အပ်နဖားထိုးပြိုင်ပွဲများပါဝင်ပြီး ကွမ်းလုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများက ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ဆုရကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။ အဆိုပါ ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲသို့ ကွမ်းလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်နှင့်အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများနှင့်ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment