ကျောက်ပန်းတောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှုအဖြစ် နံရံကပ် စာစောင်ပြပွဲပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှုအဖြစ် နံရံကပ် စာစောင်ပြပွဲပြိုင်ပွဲကျင်းပ




MNP  -  ဇန်နဝါရီ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုအဖြစ်  အသင်းလိုက် နံရံကပ်စာစောင်ပြပွဲ ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက အဆိုပါ ကျောင်းရှေ့ အဝင်လမ်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုအဖြစ် ကျင်းပသည့်အသင်းလိုက် နံရံကပ်စာစောင် ပြပွဲပြိုင်ပွဲကို၊ ကျောင်းသားကျောင်းသူများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စိတ်ဝင်စားလာစေရန် နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင်တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်လာ စေရန်ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်းအမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်မော်က ပြောသည်။ ပြိုင်ပွဲကို အနော်ရထာ အသင်း၊ ကျန်စစ်သားအသင်း၊ ဘုရင့် နောင်အသင်း၊ အလောင်းဘုရားအသင်းနှင့် ဗန္ဓုလအသင်းဟူ၍ အသင်း(၅)သင်းခွဲ၍ Grade-6 မှ Grade- 11 အထိ ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်စေခဲ့ကြောင်းသိရပြီး၊ တန်းချုပ်ဆရာ/ဆရာမများ ဦးဆောင်မှုဖြင့် အသင်းလိုက်ကျောင်းသားကျောင်းသူများ စည်းလုံးညီညွတ်မှုစွမ်းအားများပေါ်လွင်အောင် စုစည်းဆောင်ရွက်စေခြင်းဖြစ်ကြောင်သိရသည်။ အဆိုပါ နံရံကပ်စာစောင်များကို လေးရွာအခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်နှင့်ဆရာမများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက နံရံကပ်စာစောင်တစ်ခု၏ ဖွဲ့စည်းပုံ (ဝတ္ထုတို၊ဆောင်းပါး၊ကဗျာ၊ ကာတွန်း၊ သရုပ်ဖော်ပုံ ပါဝင်မှု)၊အရောင်စုစည်းမှု၊ သန့်ရှင်းသပ်ရပ် လှပမှု၊ သတ်မှတ်ဘောင်အကျယ်အဝန်းတွင် စည်းကမ်းတကျဆောင်ရွက်မှု၊ စည်းလုံညီညွတ်စွာဆောင်ရွက်နိုင်မှု အစရှိသည့် ခေါင်းစဉ်များဖြင့်  ပထမ၊ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု(၂)ဆုတို့ကို အကဲဖြတ် အမှတ်ပေး ရွေးခြယ်ခဲ့ကြသည်။


အဆိုပါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုအဖြစ် ကျင်းပသည့် အသင်းလိုက် နံရံကပ်စာစောင် ပြပွဲပြိုင်ပွဲ ဆုပေးပွဲကို စိစစ်ရွေးခြယ်မှုအပြီးတွင် ဆက်လက်ကျင်းပရာ၊ အမှတ်(၁) အ.ထ.က ကျောင်းအုပ် ဆရာမကြီး ဒေါ်နိုင်နိုင်မော်က ပထမဆုရ ကျန်းစစ်သားအသင်းကို ငွေကျပ် နှစ်သောင်း၊ ဒုတိယဆုရ အနော်ရထာအသင်းကို ငွေကျပ် တစ်သောင်းငါးထောင်၊ တတိယဆုရဘုရင့်နောင်အသင်းကို ငွေကျပ် တစ်သောင်းနှင့် နှစ်သိမ့်ဆရအသင်းနှစ်သင်းအတွက် တစ်သင်းလျှင် ငွေကျပ်ငါးထောင်စီတို့ကို အသင်းခေါင်းဆောင်များထံ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။


နေအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)