MNP - ဇန်နဝါရီ ၁၆
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ဇန်နဝါရီလ(၁၅)ရက်နေ့ မွန်းတည့် (၁၂)နာရီက မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိကာ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ညနေ(၃)နာရီတွင် မိုင်းဆတ်မြို့သို့ရောက်ရှိကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံမှ ဝန်ထမ်းနှင့်တွေ့စုံ၍ စာဖတ်စာငှားလုပ်ငန်းများ ကြည့်ရှုစစ်ဆေးကာ ဌာနလုပ်ငန်းများနှင့်ပတ်သက်၍ တိုးတက်အောင်ဆောင်ရွက်ကြရန်နှင့် လူငယ်အသိပညာပေး လုပ်ငန်းများကြိုးစား ဆောင်ရွက်ကြရန်လိုကြောင်း၊ ပညာပေးလုပ်ငန်းများအား သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။
မြင့်မောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment