အားကစားအသိပညာပေးလက်ကမ်းစာစောင်များ ကျောင်းသား/သူများထံ(အခမဲ့)ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အားကစားအသိပညာပေးလက်ကမ်းစာစောင်များ ကျောင်းသား/သူများထံ(အခမဲ့)ဖြန့်ဝေ


MNP  -  ဇန်နဝါရီ ၁၈

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန-တနင်္သာရီ တိုင်းဒေသကြီးမှ ထုတ်ဝေဖြန့်ချိသည့် အားက စားအသိပညာပေး လက်ကမ်းစာစောင်များကို တနင်္သာရီမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ယမန်နေ့က ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ အလက- လယ်တောင်ယာကျောင်းရှိ ကျောင်းသူ/သားများ (၂၀၀)ကျော်တို့အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်သူရစိုးက Grade-7 အတန်းမှကျောင်းသား/သူများအား အားကစားနှင့်လူငယ်ခေါင်းစဉ်ဖြင့်အသိ ပညာပေးဟောပြောဆွေးနွေးပေး၍လက်ကမ်းစာစောင်ပါ အချက်အလက်များကိုလည်း ဆွေးနွေး ပေးကြောင်း သိရသည်။


၎င်း အားကစားအသိပညာပေး လက်ကမ်းစာစောင်မှာ အားကစား၏အဓိပ္ပါယ်၊ ကိရိယာမပါရှိဘဲ အိမ်တွင်းပြုလုပ်နိုင်သော ခန္ဓာကိုယ် အဆီကျလေ့ကျင့်ခန်းများ၊ ပြေးခြင်း၏ ထိပ်တန်းအကျိုးကျေးဇူး (၁၀)ချက်၊ Exercise လုပ်ခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများ Exercise  မလုပ်လျှင်ဖြစ်ပေါ်လာနိုင်သော ရောဂါလက္ခဏာများ၊ လမ်းလျှောက်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ အားကစား ပြုလုပ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများ၊ အားကစားနှင့် ကာယသိပ္ပံ သင်တန်းသူ/သားများအား နိုင်ငံတော်မှပံ့ပိုးမှု၊ အသက်အရွယ်အလိုက် အားကစား သမားများ အနိမ့်ဆုံးရှိသင့်သည့် အရပ်နှင့်ကိုယ်အလေးချိန်ဇယါး၊ ဒဏ်ရာရရှိပါကရေခဲတင် ခြင်းကို ပထမဦးစွာ ပြုလုပ်နည်း၊ " ရှင်သန်လှုပ်ရှား အားကစား" 'ကျေးရွာအဆုံး တစ်ပြည်လုံး ဆင်းရဲချမ်းသာကစားပါ" "အားကစားနှင့် ကင်းကွာသောနေ့ မရှိစေရ" "နည်းစနစ်မှန်မှန် ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခြင်းမှသည် အောင်ပွဲဆိသို့" စသည့် အားကစားဆောင်ပုဒ် များပါရှိကြောင်း သိရသည်။


ထိန်ဝင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)