ရွှေစာရံဂေါက်ကွင်းတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေစာရံဂေါက်ကွင်းတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပ


MNP  -    ဇန်နဝါရီ   ၃

(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို Shwe Sar Yan Golf Resort & Country Club က ကြီးမှူး၍ ယမန်နေ့နံနက်ပိုင်းက မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိ ရွှေစာရံဂေါက်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။


နံနက် ၇ နာရီတွင် ပြိုင်ပွဲကျင်းပရေး‌ကော်မတီ တာဝန်ရှိသူများက ဂေါက်သီးရိုက်၍ ဖွင့်လှစ်ပေးကြပြီး ပြိုင်ပွဲဝင်အားကစားသမားများက သတ်မှတ်အဖွဲ့များအလိုက်အသီးသီး ပါဝင်ယှဉ်ပြိုင်ကြသည်။


ထို့နောက်မွန်းလွဲ ၂ နာရီတွင် ဆုချီးမြှင့်ပွဲကိုပြုလုပ်ရာ ရွှေတန်းတွင် ပထမအောင်မြင့်မြတ်၊ ဒုတိယကြည်ခိုင်နှင့်တတိယ ဘုန်းမြတ်ကျော်တို့ကို ရွှေစာရံဂေါက်သီးရိုက်အသင်း ဥက္ကဋ္ဌ ဦးကျော်သန်းထွန်းက လည်းကောင်း၊ ငွေတန်းတွင် ပထမ စိုးသူ၊ ဒုတိယဗညားနှင့် တတိယ ထွန်းနိုင်တို့ကို ရွှေစာရံဂေါက်ကလပ် ဒါရိုက်တာ ဦးမျိုးမြင့်မော်က  လည်းကောင်း၊ ဆက်လက်၍ ဘာဒီအများဆုံးဆု၊ ပါအများဆုံးဆု၊ အဝေးဆုံးရိုက်ချက်ဆု၊ ကျင်းအနီးဆုံးဆုနှင့် ဗဟိုမျဉ်းဆုရရှိ ကြသူများကို တာဝန်ရှိသူများက ဆုများ ဆက်လက် ချီးမြှင့်ပေးအပ်ကြသည်။


အဆိုပါရွှေစာရံဂေါက်ကွင်းတွင် ယခုလာမည့်ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့တွင်လည်း (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြင့်မော်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)